လူ့အခွင့်အရေးသတင်း

Friday, July 25, 2008

၂၂၊၇၊၂၀၀၈ ရက်အင်္ဂါနေ့တွင်ထိုင်းနိုင်ငံ ဖန်ငါခရိုင် တကူပါမြို့ ခေါင်လတ် ဆီးဗျူး ဟိုတယ်တွင် ထိုင်းနိုင်ငံတွင်းတရား ၀င်မှတ်ပုံတင် ထားသော မြန်မာ အလုပ်သမားများ ဆိုင်ရာ အခွင့်အရေး နှင့် ရပိုင်ခွင့်၊ ထိုင်းနိုင်ငံတွင်း မွေးဖွားသောမြန် မာကလေးငယ်များ မွေးစာရင်း ရရှိရေးနှင့် ပညာသင်ပိုင်ခွင့် အပြည့်အ၀ရရှိရေး စသည့် သင်တန်း တခုကို အခြေခံလူ ထုလူ့အခွင့်အရေး ပညာပေး ကော်မီတီ [grassroots-hre] နှင့်[IOM] တို့ပူးပေါင်းကျင်းပခဲ့သည်၊ သင်တန်းတွင်ထိုင်း နိုင်ငံရှေ့နေများကောင်စီ လူ့အခွင့်အရေး ကော်မစ်ရှင်နာ ယကအဖွဲ့ဝင်နိုင်စုလဖွန်မှ တက်ရောက်ပြီး ထိုင်းနိုင်ငံဆိုင်ရာဥပဒေ၊ မြန်မာအလုပ်သမားများဆိုင်ရာ ရပိုင်ခွင့်၊မြန် မာကလေးငယ်များ ပညာရေးဆိုင်ရာအခွင့်အရေး စသည်များကို သင်တန်းပို့ချပေးခဲ့သည်၊ သင်တန်းသို့ဖန်ငါခရိုင် အတွင်းရှိ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား(၅၅) ဦးတက်ရောက်ခဲ့ ပြီးသင်တန်းကိုညနေ (၅)နာရီအချိန်တွင် ရုပ်သိမ်းလိုက်သည်။

ဒေ၀ဒတ်များကျန်းမာကြပါစေ

Wednesday, July 23, 2008

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကုလသမဂ္ဂလူ့အခွင့်အရေး ကြေငြာစာတမ်းမှာ မြန်မာနိုင်ငံဟာ သဘောတူ လက်မှတ်ရေးထိုးဖူးပါတယ် ဒါပေမဲ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ခေတ်အ ဆက်ဆက်ကအုပ်ချုပ်လာခဲ့တဲ့ မြန်မာအာဏာရှင် စစ်အစိုးရများအနေနဲ့ လိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိခဲ့ပါဖူး၊ မြန်မာနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခဲ့ခြင်းမရှိခဲ့တဲ့ နအဖ စစ်အစိုးရကအာဆီယံဋိ ညာဉ်စာတမ်းကို လက်မှတ်ရေးထိုးလိုက်ပြန်ပါပြီ၊ စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအနေနဲ့ ဗုဒ္ဓရဲ့ သားတော်ရဟန်း သံဃာတော်တွေကိုသတ်၊ ပြည်သူလူထုကိုထောင်ချ နှိပ်စက်သတ်ဖြတ်နေတဲ့ဒေ၀ဒတ်ကြီး ဦးသန်းရွှေက အာဆီယံဝန်ကြီးတွေဆီကို ပါးလိုက်တဲ့ နေပြည်တော်ကမိုးလုံးပြည့် မုသာဝါဒတွေကိုသယ်ဆောင် လာပြီး ကမ္ဘာ့လူထုကိုလိမ်နေပြန်ပါပြီ၊ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအ ကျဉ်းသားများကိုတော့ အခုထက်ထိ လွှတ်ပေးခြင်းမရှိသေးပါဖူး၊ ဦးဥာဏ်ဝင်းကတော့ ပြောရှာပါတယ်၊ နောက် ၆ လကျရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာပါတဲ့၊ စောင့်ကြည့်ရဦးမှာပေါ့ ဦးဥာဏ်ဝင်းရယ်၊ ဘယ်လောက်ထိလိမ်ဦးမလဲလို့၊ ယိုသူမရှက်မြင် သူရှက်ဆိုတာလိုမျိုး ခဏခဏ လိမ်နေတော့လည်း လူလိမ်ကြီးများ အစိုးရဆိုပြီးနောက်ထပ် နံမည်ဆိုးတခုထပ်ရတာပေါ့၊ ခွတ်ဒေါင်းနီတို့က ဗုဒ္ဓဘာသာသားသမီးတွေ ဆိုတော့ဗုဒ္ဓဘုရားဆို ဆုံးမထားတဲ့အတိုင်း မောင်မင်းကြီးသား ဒေ၀ဒတ်များအားလုံး ကျမ္မာကြပါစေချမ်းသာကြပါစေ ကောင်းရာသုဂတိ လားကြပါစေလို့ ပဲဆုတောင်းပေးပါရစေ၊ ခုနှစ်ရက်သားသမီးများ အားလုံးကျမ္မာခြင်းသုခ၊ ချမ်းသာခြင်း သုခအ လုံးစုံနဲ့ပြည့်စုံတော်မူကြပါစေ။

ဘာလီတရားရုံးမှသေဒဏ်

Sunday, July 20, 2008

၂၅၄၅ ခုနှစ်ဘာလီကျွန်း ဗုံးဖေါက်ခွဲမှုတွင် ပါဝင်ပတ်သက်သည် ဟုယူဆရသူအရှေ့တောင် အာရှတွင်လှုပ်ရှားနေသောအယ်ကိုင်းဒါးအဖွဲ့နှင့် အဆက်အသွယ်ရှိသော ဂျေအာအစ္စလာမ်မီယာ မွတ်ဆလင် အကြမ်းဖက်သမားအန်ရိုစီ အီမန်စန်မုဒါနှင့် အပေါင်းအပါနှစ်ဦးအား အင်ဒိုနီါ်ရှားနိုင်ငံဘာလီ ကျွန်းတရားရုံးမှသေဒဏ် ချမှတ်လိုက်သည်၊ ၄င်းဗုံးဖေါက်ခွဲမှုတွင်လူပေါင်း ၂၀၂ ဦးသေဆုံးပြီး အများစုမှာ သြစတြေလျ နိုင်ငံသားများဖြစ်ကြသည်၊ တရားခံများမှ အယူခံဝင်ခွင့် များလျှောက်ထားသော်လည်း အယူခံဝင်ခွင့်ကို တရားရုံးကပယ်ချလိုက်ပြီး ၁၉၊၇၊၂၀၀၈ ရက်စနေနေ့တွင် ပြစ်မှုကျူးလွန်သူ တရားခံသုံးဦးအား သေဒဏ်ချမှတ်လိုက် ခြင်းဖြစ်သည်။

ထိုင်းနှင့်ကမ်ပူးချားတင်းမာနေ

Saturday, July 19, 2008









ထိုင်း၊ကမ်ပူးချားနယ်စပ် ရှေးဟောင်းဟိန္ဒူဘုရား ကျောင်းအား သူပိုင်သည်၊ငါပိုင်သည် အငြင်းပွားရာမှနှစ်နိုင်ငံ နယ်စပ်ဒေသ တင်းမာမှုများ ဖြစ်ပွားရာထိုင်းနှင့် ကမ်ပူးခြားတပ်များ တဖက်နှင့် တဖက်တိုက်ပွဲဝင်ရန်အ ဆင်သင့်အနေ အထားတွင် ရောက်ရှိနေပြီဖြစ်သည်၊ ဖေါ်ပြထားသောပုံမှာ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသော (ထဟန်ဖရန်) ခေါ်မုဆိုးတပ်ဖွဲ့ဟု ခေါ်သည့် ၀တ်စုံအမဲနှင့် ထိုင်းစစ်သားများဖြစ်သည်၊ ထိုင်းဝန်ကြီးချုပ် နိုင်စမတ် စွန်ထော် လ၀စ်က ထိုင်းကာကွယ်ရေး ဦးစီးချုပ်နှင့်ကြည်း၊ ရေ၊လေ၊ စစ်ဦးစီးချုပ်များကို ခေါ်ယူပြီးအရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်ယူဆွေးနွေးခဲ့ပြီးသည်နောက်ပိုင်း ၂၁၊၇၊၂၀၀၈ ရက်နေ့တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဘွန်စန်း ဦးဆောင်ပြီး ကမ်ပူးချားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကမ်ပူးချားကာကွယ်ရေး ၀န်ကြီးနှင့်၎င်းကိစ္စနှင့် ပတ်သက်၍တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

မာနယ်ပလောစာချုပ်အပိုင်း(၂)

Friday, July 18, 2008

၁။မဟာလူမျိုးကြီး ၀ါဒကိုလည်းကောင်း၊ စစ်အာဏာရှင် စနစ်ကိုလည်းကောင်း၊ မဟာလူမျိုး ကြီးဝါဒနှင့်စစ်အာဏာရှင် စနစ်ကိုကျင့်သုံးသည့် န၀တအားလည်းကောင်း၊ အဆုံးတိုင်အတူ တကွဆန့်ကျင် တိုက်ဖျက်သွားမည်။

၂။န၀တစစ်အာဏာရှင်ကြီးစိုးမှု ချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည်အခြေအနေ တွင်တိုင်းရင်းသား လူမျိုးပေါင်းစုံ တက်ရောက်နိုင်သည့် စစ်မှန်သော အမျိုးသားညီလာခံကြီးကို ခေါ်ယူသွားမည်။

၃။စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တိုင်းရင်းသားလူမျိုးအားလုံး ပြည်သူလူထုတရပ်လုံး၏ ဆန္ဒညီညွတ်မှုကိုအခြေခံ၍ ရေးဆွဲ ပြဌာန်း သွားမည်။

၎။မည်သည့်လူမျိုးကိုမှ အခွင့်ထူးမပေးရေးနှင့် လူမျိုးစုမျိုးနွယ်စုအားလုံး၏ အခြေခံအမျိုးသား အခွင့်အရေးများကို ချုပ်ချယ်ကန့်သန့်မှု မပြုရေးမူကို ကျင့်သုံးသွားမည်။

၅။တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဒီမို ကရေစီနှင့် အခြေခံလူ့အခွင့်အရေး အပြည့်အ၀ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်သွားမည်။

ထိုသို့တည်ဆောက်ရာတွင်

(က)ကချင်၊ကရင်၊ ကရင်နီ၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ ရှမ်းစသည့်ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် အမျိုးသား ပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရေး၊

(ခ)ပြည်နယ်များမှ ပြည်ထောင်စုသို့ လွဲအပ်ထားသောအာဏာများမှအပ ကျန်သောအာ ဏာများကို ပြည်နယ်များတွင်ထားရှိ၍ ပြည်နယ် အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်မှုအာဏာ ကျင့်သုံးပိုင်ခွင့်ရှိရေး။

(ဂ)ပြည်ထောင်စုအမျိုးသား လွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော်အောက်) လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး။

(ဃ)ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ ကွတ်ကဲမှုအာဏာအောက်တွင် တည်ရှိရေး။

(င)ပြည်ထောင်စု၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာ နှင့် အုပ်ချုပ်ရေးအာဏာသုံးရပ်ကို အပြန်အလှန်ထိမ်းညှိစနစ်ဖြင့် ဖွဲ့စည်းထားရှိပြီး လွတ် လပ်သည့်တရားစီရင်မှု စနစ်ကို ကျင့်သုံးရေး။

(စ)မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အာဏာရှင်စနစ် ပြန်လည်ပေါ်ပေါက် မလာနိုင်ရေး စသည့်အချက်များကို ပြည်ထောင်စု ဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။

ပင်လုံစိတ်ဓါတ်ရှင်သန်ဖေါ်ဆောင်ရေးမှ