ပဒေါင်အမျိုးသမီးများအန္တရာယ်

Thursday, July 17, 2008

လည်ပင်းကြေးကွင်းစွတ် ပဒေါင်တိုင်းရင်းသားများသည် စစ်အစိုးရနှင့် တိုင်းရင်းသားလူမျိုး စုလက်နက်ကိုင်တပ်ဖွဲ့များကြားဖြစ်ပွားနေသော နယ်စပ်ဒေသတွင်းတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် နယ်စပ်ဒေသများတွင် ဒေသတွင်းထိုင်းအာဏာပိုင်များ ခွင့်ပြုချက်ဖြင့် ယာယီနေထိုင်လျှက်ရှိကြသည်၊ထူးဆန်းသောပဒေါင်တိုင်းရင်းသားများ၏ ရိုးရာနှင့် ယဉ်ကျေးမှုများကြောင့် မဲဟောင်ဆောင်ခရိုင်တွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအနေဖြင့် နှစ်စဉ်ဘတ်ငွေသန်းပေါင်းများစွာ အကျိုး ခံစားခွင့်များရရှိခဲ့သည်၊လွန်ခဲ့သည့် ၁၃၊၇၊၂၀၀၈ ရက်နေ့တွင် ပဒေါင်တိုင်းရင်းသားများ ယာယီနေထိုင်ရာ နေရာမှ ပဒေါင်အမျိုးသမီး(၁၁)ဦးပျောက်ဆုံးခဲ့ပြီးနောက် တဦးကို နိုင်ငံခြားခရီးသွားများစည်ကားရာ ချွန်ပူရီခရိုင် ဖတ်ထရားတွင် ပြန်လည်ရှာဖွေတွေ့ရှိပြီး ကျန်ဆယ်ဦးမှာပျေက်ဆုံးလျှက်ရှိသည်၊လူပွဲစားများအနေဖြင့် ပဒေါင်တိုင်းရင်းသူအမျိုးသ မီးငယ်များအား နိုင်ငံခြားခရီးသွားဧည့်သည်များ စည်ကားရာ ဖတ်ထရားနှင့်ဖူးကစ်စသော ပင်လယ်ကမ်းစပ်မြို့အရောက်ပို့ပေးနိုင်သူ လူပွဲစားများမှာ ပွဲစားခတစ်သိန်းမှ တစ်သိန်းခွဲထိရရှိကြသည်၊အနာဂတ်ပဒေါင်တိုင်းရင်းသူလေးများ၏အခြေအနေမှာ မတွေးဝံ့ စရာစိုးရိမ်ရဖွယ်အခြေအနေနှင့်ကြုံတွေ့နေရပါကြောင်းခွတ်ဒေါင်းနီမှအသိပေးလိုက်အပ်ပါသည်။

0 Comments: