ရွှေ့ပြောင်းအလုပ်သမားသတင်း

Saturday, July 5, 2008

ထိုင်းနိုင်ငံတွင်းတရားမ၀င်လာရောက်နေထိုင်သော ရွှေ့ပြောင်းအလုပ်သမား လူသစ်များအား ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ယာယီအလုပ်လုပ်စားခွင့် အလုပ်သမားကဒ်ပြားသစ်များ ထပ်မံပြုလုပ်ပေး သွားမည်ဟု တရားဝင်ထုတ်ဖေါ်ပြောကြားသွားသည်ပြုလုပ်ပေးမည်နေ့ရက်အတိအကျကို တရားဝင် ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးသော်လည်း အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးကရွှေ့ပြောင်း လုပ်သမားများအားယာယီအလုပ်လုပ်စားခွင့် ကဒ်ပြား သစ်များ ပြုလုပ်ပေးခြင်းမှာ ယခုတကြိမ်သည် နောက် ဆုံးအကြိမ်သာဖြစ်ပြီး အလုပ်သမား ၀န်ကြီးဌာနမှ ပြဌာန်းထားသော စည်းကမ်းနှင့်ဥပဒေများကို လိုက်နာ ခြင်းမရှိသောတရားမ၀င် အလုပ်သမားများကို လက်ခံထားသည့်လုပ်ငန်းရှင်နှင့်တရားမ၀င် အလုပ်သမား များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဟုလည်း ထပ်မံပြီးသတိပေးပြောကြားသွားသည်။

0 Comments: