ထိုင်းနှင့်ကမ်ပူးချားတင်းမာနေ

Saturday, July 19, 2008









ထိုင်း၊ကမ်ပူးချားနယ်စပ် ရှေးဟောင်းဟိန္ဒူဘုရား ကျောင်းအား သူပိုင်သည်၊ငါပိုင်သည် အငြင်းပွားရာမှနှစ်နိုင်ငံ နယ်စပ်ဒေသ တင်းမာမှုများ ဖြစ်ပွားရာထိုင်းနှင့် ကမ်ပူးခြားတပ်များ တဖက်နှင့် တဖက်တိုက်ပွဲဝင်ရန်အ ဆင်သင့်အနေ အထားတွင် ရောက်ရှိနေပြီဖြစ်သည်၊ ဖေါ်ပြထားသောပုံမှာ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသော (ထဟန်ဖရန်) ခေါ်မုဆိုးတပ်ဖွဲ့ဟု ခေါ်သည့် ၀တ်စုံအမဲနှင့် ထိုင်းစစ်သားများဖြစ်သည်၊ ထိုင်းဝန်ကြီးချုပ် နိုင်စမတ် စွန်ထော် လ၀စ်က ထိုင်းကာကွယ်ရေး ဦးစီးချုပ်နှင့်ကြည်း၊ ရေ၊လေ၊ စစ်ဦးစီးချုပ်များကို ခေါ်ယူပြီးအရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်ယူဆွေးနွေးခဲ့ပြီးသည်နောက်ပိုင်း ၂၁၊၇၊၂၀၀၈ ရက်နေ့တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဘွန်စန်း ဦးဆောင်ပြီး ကမ်ပူးချားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကမ်ပူးချားကာကွယ်ရေး ၀န်ကြီးနှင့်၎င်းကိစ္စနှင့် ပတ်သက်၍တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

0 Comments: