ဒေ၀ဒတ်များကျန်းမာကြပါစေ

Wednesday, July 23, 2008

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကုလသမဂ္ဂလူ့အခွင့်အရေး ကြေငြာစာတမ်းမှာ မြန်မာနိုင်ငံဟာ သဘောတူ လက်မှတ်ရေးထိုးဖူးပါတယ် ဒါပေမဲ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ခေတ်အ ဆက်ဆက်ကအုပ်ချုပ်လာခဲ့တဲ့ မြန်မာအာဏာရှင် စစ်အစိုးရများအနေနဲ့ လိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိခဲ့ပါဖူး၊ မြန်မာနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခဲ့ခြင်းမရှိခဲ့တဲ့ နအဖ စစ်အစိုးရကအာဆီယံဋိ ညာဉ်စာတမ်းကို လက်မှတ်ရေးထိုးလိုက်ပြန်ပါပြီ၊ စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအနေနဲ့ ဗုဒ္ဓရဲ့ သားတော်ရဟန်း သံဃာတော်တွေကိုသတ်၊ ပြည်သူလူထုကိုထောင်ချ နှိပ်စက်သတ်ဖြတ်နေတဲ့ဒေ၀ဒတ်ကြီး ဦးသန်းရွှေက အာဆီယံဝန်ကြီးတွေဆီကို ပါးလိုက်တဲ့ နေပြည်တော်ကမိုးလုံးပြည့် မုသာဝါဒတွေကိုသယ်ဆောင် လာပြီး ကမ္ဘာ့လူထုကိုလိမ်နေပြန်ပါပြီ၊ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအ ကျဉ်းသားများကိုတော့ အခုထက်ထိ လွှတ်ပေးခြင်းမရှိသေးပါဖူး၊ ဦးဥာဏ်ဝင်းကတော့ ပြောရှာပါတယ်၊ နောက် ၆ လကျရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာပါတဲ့၊ စောင့်ကြည့်ရဦးမှာပေါ့ ဦးဥာဏ်ဝင်းရယ်၊ ဘယ်လောက်ထိလိမ်ဦးမလဲလို့၊ ယိုသူမရှက်မြင် သူရှက်ဆိုတာလိုမျိုး ခဏခဏ လိမ်နေတော့လည်း လူလိမ်ကြီးများ အစိုးရဆိုပြီးနောက်ထပ် နံမည်ဆိုးတခုထပ်ရတာပေါ့၊ ခွတ်ဒေါင်းနီတို့က ဗုဒ္ဓဘာသာသားသမီးတွေ ဆိုတော့ဗုဒ္ဓဘုရားဆို ဆုံးမထားတဲ့အတိုင်း မောင်မင်းကြီးသား ဒေ၀ဒတ်များအားလုံး ကျမ္မာကြပါစေချမ်းသာကြပါစေ ကောင်းရာသုဂတိ လားကြပါစေလို့ ပဲဆုတောင်းပေးပါရစေ၊ ခုနှစ်ရက်သားသမီးများ အားလုံးကျမ္မာခြင်းသုခ၊ ချမ်းသာခြင်း သုခအ လုံးစုံနဲ့ပြည့်စုံတော်မူကြပါစေ။

0 Comments: