လူကုန်ကူးမှုကြီးထွားနေ

Wednesday, July 16, 2008

၁၄၊၇၊၂၀၀၈ ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့လူကုန်ကူးမှုနှိမ်နှင်း ရေးအဖွဲ့မှရဲဗိုလ်ချုပ်နိုင်ဝိစု ၀ါနစ်နှင့်ရဲဗိုလ်မှူးကြီး နိုင် ၀ရဖွန် ထောင်ဖိုင်ဘွန်တို့နှစ်ဦး ဦးစီးပြီး အသက်(၃၃) နှစ်ရှိ မယုခေါ်မမာမီဆိုသူ မြန်မာအမျိုးသမီးတစ်ဦးအား လူကုန်ကူးမှုဖြင့်ဖမ်းဆီးအရေးယူခဲ့သည်၊မယုခေါ်မမာမီ ဆိုသူမြန်မာအမျိုးသမီးမှာ ခင်ပွန်းသည်နှင့်အတူ မြန်မာပြည်တွင်းမှ ကလေးငယ်များကိုဖျား ယောင်းသွေးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူစည်ကားရာ နေရာများမှာကလေး ငယ်များအား ပန်းကုန်းများလိုက်လံ ရောင်းစားစေခဲ့ပါတယ်၊ ယခုတကြိမ်မှာလည်းအသက် ဆယ်နှစ်အရွယ် မိုင် ဟုခေါ်သောမြန်မာကလေးမလေးတဦး ဘန်ကောက်မြို့လယ်လူ စည် ကားရာ အနုစာဝဒီချိုင်တွင် ပန်းကုန်းများရောင်းနေစဉ် ရဲများတွေ့ရှိပြီး မေးမြန်းစစ်ဆေးရာ မှအမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်၊ မိုင် ဟုခေါ်သောကလေးမလေးအား အသက်လေးနှစ် အရွယ်ကတည်းက မြန်မာပြည်မှခိုးယူလာခဲ့သည်ဟုထိုအမျိုးသမီးမှဝန်ခံခဲ့သည်၊ မိဘအုပ် ထိန်းသူများအားလုံး မိမိရင်သွေးကလေးငယ်များကို ရင်အုပ်မကွာကြည့်ရှုထိမ်းသိမ်းဂရု စိုက်ကြဖို့ ခွတ်ဒေါင်းနီက အကြံပြုသတိပေးလိုက်ရပါသည်။


0 Comments: