ယုတ်မာမှုအပေါင်း သရဖူဆေင်း

Tuesday, October 14, 2008


လူထုချဉ်ဖတ်ပြည်သူ့အန်ဖတ် သူခိုးသန်းရွှေတပ်မတော် တကယ်ကိုတော်အား ကြီးလွန်းလို့ အတော်တက အတော်ဆုံး ကမ္ဘာ့အယုတ်တမာပုံကြီးကို ကြည့်ရုံမျှဖြင့်ရင် စရာလေးတွေနဲ့ပဲ ပြည်သူတွေမြင်တွေ့နေရဦးမှာပါ၊ ရှမ်းသမီးပျိုလေး နန်းချန်တောင်းရဲ့ လိုင်စင်ရမုဒိမ်းသမားဆိုတာ ကျနော်တင်ထားပေးတဲ့ ပုံကို ကြည့်လိုက်တာနဲ့ ယုံကြည်စရာတွေ ဖြစ်လာမှာပါ၊ တိုင်းရင်းသူလေး တယောက်ကို သေနတ်ချိန်ပြီး လက်ကိုလိုက်ဆွဲနေတာက ကမ္ဘာ့လူထုအသိုင်းအ၀ိုင်းရှေ့မှာ မျက်နှာမပြရဲစရာပါဗိုလ်သန်းရွှေ၊ ဆင်သေကိုဆိတ်သားရေနဲ့ဖုံးလို့ မရဖူးဆိုတာ ဒီပုံကဦးသန်းရွှေနဲ့ အပေါင်းအပါတစု သမိုင်းစာမျက်နှာမှာ ကျန်နေရစ်မှာပါ၊ အခုလည်းကြည့်လေ၊ လူတိုင်းလိုလိုက သူခိုးသန်းရွှေ လူသတ်ကောင်သန်းရွှေ ရဟန်းသံဃာတွေကိုရက်ရက်စက်စက်သတ် တဲ့ဒေ၀ဒတ်သန်းရွှေတဲ့၊ ပြည်သူတွေကဒဏ်မခတ်ပဲ အသက်ကြီးလို့ သေသွားရင်တောင် လူ့လောကမှာကျန် နေရစ်မယ့် ဗိုလ်သန်းရွှေရဲ့မိသားစုကို လူထုထဲကဒဏ်ခတ်မဲ့ သူတော့ရှိနေမှာပါ ဗိုလ်သန်းရွှေ။

0 Comments: