မဟာချိုင်မှ အကြွေပန်း

Tuesday, November 18, 2008

တိုင်းပြည်နောက်ခံ ကာကွယ်မရှိသည့်
အရှက်အကြောက်ကြီးသော
ဤမျိုးဤနွယ် မိန်းမငယ်အား
လွန်ကျူးပါက စိုးပူရန်မရှိ
အန္တရာယ်ကင်း၏။

တိုင်းပြည်ခြေနေ ဤမှုပွေကြောင့်
မိဘနှင့်ခွဲ မျက်ရည်ပွဲဖြင့်
ရုန်းကန်လှုပ်ရှား တိုင်းတစ်ပါးဝယ်
အကူအညီမပေး ဒုက္ခပေးသည့်
ရာဂလွန်ကျူး ဤဘီလူးကြောင့်
အလှပန်းပွင့်လေး နွမ်းကြွေခဲ့ရချေပြီ...

လရောင်မဲ့တဲ့ အမှောင်ယံညလည်း
ကြယ်ရောင်ပင်မရှိ နက်သထက်နက်ခဲ့ချေပြီ...

ကဗျာပိုင်ရှင်မှာ တတိယနိုင်ငံတခုတွင် အခြေချနေထိုင်သော မြန်မာအမျိုးသမီးတဦးဖြစ်သည်၊ ထိုင်းနိုင်ငံမဟာချိုင်ဒေသတွင် ထိုင်းလူမျိုးတို့၏စော်ကားမှုကို ခံခဲ့ရသောမြန်မာအမျိုးသမီးငယ် လေးတဦးဘ၀ကို ခံစားတင်ပြထားသော ကဗျာလေးတပုဒ်ဖြစ်ပါသည်။

0 Comments: