သူတပါးအားသိက္ခာမချပါနှင့်

Thursday, December 11, 2008

အချို့သောပုဂ္ဂိုလ်အကြီးအကဲတို့သည် မည်သည့်အတွက်ကြောင့် အခြားသူများအား သိက္ခာချလေ့ရှိသည်ကို စဉ်းစား၍မရပါ၊ တဖက်သားလုပ်သမျှကို တခုမှအကောင်းမပြောပဲ ရှုံ့ချဝေဖန်၍သာ နေတတ်ကြ၏၊အလုပ်ကို ဂရုတစိုက်ပိုကောင်းအောင် လုပ်စေလို၍ပြစ်တင်စကားဆိုခြင်းဖြစ်ပါမူတော်ပါသေး၏၊သို့သော်ထိုသဘောမျိုး ဖြစ်ပြစ်တင်ခြင်းလည်း ဟုတ်ကောင်းမျဟုတ်ပါမည်၊ အလုပ်ကိုပို၍ုစိုက်ပြီးလုပ်စေလိုခြင်းထက် မိမမကျေနပ်မှုကို ဖွင့်ချလိုက်ရလျှင် ရင်တွင်းပေါ့သွားမည်ဟု ထင်သောကြောင့်လည်းဖြစ်နိုင်ပါသည်၊ မိမိစိတ်ချမ်းသာမှုအတွက် တခြားသူစိတ်မကောင်းဖြစ်အောင် ပြုလုပ်ခြင်းမှာမသင့်တော်ပါ၊ဤကိစ္စမျိုးမှာအကြီးအကဲအတော်များများအဖို့ လေးနက်စွာ စဉ်းစားသင့်သောကိစ္စဖြစ်ပါသည်၊အဘယ်ကြောင့်ဆိုသော် အကြီးအကဲပုဂ္ဂိလ်များအနေနှင့် သဘောပေါက်သည်ဖြစ်စေသဘောမဘောမပေါက်သည်ဖြစ်စေ လူအများအား သိက္ခာချခြင်းကြောင့် အန္တရာယ် ကြီးမားနိုင်ပါသည်၊

0 Comments: