ဗိုလ်ချုပ်အောင်ဆန်းချပေးသော အခြေခံမူ(၄)ချက်

Monday, December 22, 2008

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ်ချုပ်ဆိုကြပြီး ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံထူထောင်ရန် ရည်မှန်းချက်အဖြစ်ထားရှိကြသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇-ခုနှစ်-ဇွန်လ-၁၆-ရက်နေ့တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံတွင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာမှာ ထားရှိရမည့်အခြေခံအချက်(၄)ချက်ကို အဆိုတင်သွင်းကြောင်းတွေ့ ရသည်။
(၁)လွတ်လပ်တဲ့နိုင်င့ဖြစ်ရမည်(Independence)
(၂)အချုပ်အခြာအာဏာပိုင်ရမည်(Sovereignty)
(၃)ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်ရမည်(Republic)
(၄)ပြည်ထောင်စုနိုင်ငံဖြစ်ရမည်(Union State) ဟုရှင်းလင်းအဆိုတင်သွင်းပြီး ၄င်အဆိုအပေါ် တညီတညွတ် တည်းသြဘာပေးပြီးထောက်ခံကြကြောင်းတွေ့ရသည်။
ထို့အပြင်ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ အခြေခံလမ်းညွှန် ချက်(၇)ချက်ကိုလည်းချမှတ်ထားသည်။
ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်ချက်(၇)ချက်
လွတ်လပ်သည့်အချုပ်အခြာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ် သက်သည့် လမ်းညွှန်ချက်(၇)ချက်ကို တင်သွင်းခဲ့ပါသည်။
တောင်တန်းဒေသများနှင့် ကရင်နီဒေသများ အပါအ၀င်ဖြစ်သော မြန်မာနိုင်ငံတော်သူ/မြန်မာနိုင်ငံတော်သားတို့ ၏ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို့၏အာသီသဆန္ဒနှင့်လျှော်ညီစွာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို စီစဉ်ရေးဆွဲရန်အလို့ငှါ စုံညီစုဝေးလျှက် အောက်ပါပြဋ္ဌာန်းချက်များကို ချမှတ်ကြကြောင်း၊
(၁)နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသောလွတ် လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ရမည်၊ထို့အပြင်
(၂)ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိရမည်၊ထို့အပြင်
(၃)အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအ၀င်ဖြစ်သည့် ပြည်နယ် များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာအဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက် စေရမည်၊ထို့အပြင်
(၄)ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊စီးပွားရေးရာ ၌လည်းကောင်း၊နိုင်ငံရေးရာ၌လည်းကောင်း၊တရားမျှတမှုရှိစေလျှက် ၊အဆင့်အတန်းအခွင့်အရေးနှင့် ဥပဒေ သက်သေခံမှုတို့တွင်ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင် ၊တရားဥပဒေနှင့်သော်လည်းကောင်း၊အများ ပြည်သူတို့စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊မဆန့်ကျင်သမျှလွတ်လပ်စွာကြံစည်ပိုင် ခွင့်၊လွတ်လပ်စွာဖေါ်ထုတ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊၀တ်ပြုပိုင်ခွင့်၊ ပရိယေ သနရှာမှီးပိုင်ခွင့်၊စည်းရုံးပိုင်ခွင့်၊ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပ ဒေတွင် အခိုင်အလုံသတ်မှတ်ထားရှိစေရမည်၊ထို့အပြင်
(၅)ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့လုံလောက်သောကာကွယ်ချက်များ ထည့်သွင်းပြ ဋ္ဌာန်းထားရှိစေရမည်၊ထို့အပြင်
(၆)လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ ခိုင်မြဲရေးကိုလည်းကောင်း၊နိုင်ငံတော်၏ ကြည်း၊ရေ၊လေ တို့ကိုအချုပ်အခြာစိုးမိုးပိုင်ခွင့်ကိုလည်းကောင်း၊တရားဓ မ္မနှင့်တကွ ပြည်ထောင်အချင်းချင်း ဥပဒေအရထိန်းစောင့်ထားရှိရမည်၊ထို့အပြင်
(၇)ရာဇ၀င်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင်ဂုဏ်ကျကိသရေနှင့် လျှော်ညီစွာရသင့်ရ ထိုက်သောအဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တ၀ါတို့၏တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျှောက်စေတနာဖြင့် အစွမ်းကုန်ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်း ဆိုင်ရာတရားဓမ္မနှင့်ကျင့်ဝတ်သိက္ခာကိုအခြေပြု၍၊ကမ္ဘာ့ငြိမ်းချမ်းရေးကိုရှေ့ရှုလျှက်၊နိုင်ငံတကာတို့နှင့်မိတ်ဝတ် မပျက်ပဲ တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသောအဓိဋ္ဌာန်ဖြင့် စောင့်ထိမ်းတော့အံ့။

0 Comments: