သဲနှင့်ကျောက်

Thursday, January 22, 2009

သဲ နှင့် ကျောက်တုံး

တနေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး
လှမ်း လျှောက် ခရီး ထွက်လာကြ တယ်။ ခရီး တနေရာ အရောက် မှာ သူတို့နှစ်ယောက်
ဟာ စကားများ ပြီး ရန်ထဖြစ် ကြတော့ တယ်။ အဲဒီလို ဖြစ် ကြ တဲ့အခါမှာ
သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ ပါး ကို ထ ထိုး လိုက် တယ်။ အထိုးခံ
ရတဲ့ လူငယ်လေးဟာ တော်တော်လေး နာသွား ပြီး စကားဘာမှ ပြန်မပြောဘဲ သူဟာ
သဲပြင်ပေါ်မှာ ဒီ လို ရေး ချ လိုက် တယ်။ " ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်း
င့ါကိုထိုး၏။ "
အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရ မှာ ရှိ တဲ့ စိမ်း လန်း စိုပြေပြီး
မြေသြဇာ ကောင်း တဲ့ နေ ရာ ကို ရောက်တဲ့အထိလှမ်း ဆက် လျှောက် လာ ကျ ပြီး၊
အဲဒီမှာ ခြေ လက် သန့် စင် တ ထောက် နားဘို့ ဆုံးဖြတ် လိုက် ကြတယ်။ အဲဒီ
မှာ အထိုး ခံရ တဲ့ လူငယ် လေး ဟာ အခန့် မ သင့် ဘဲ နွံ နှစ်ပြီး နွံထဲ က
ရုန်း မထွက်နိုင်ဘဲ သေလုမြောပါး ဖြစ် နေခဲ့ တယ်။ ထိုး လိုက်တဲ့
သူငယ်ချင်းက သေမယ့် ဘေး က ကယ်လိုက်ပြန်တယ်။ သေဘေး ကလွှတ်လာပြီး ပုံမှန်
အနေ အထား ကိုရောက်လာတဲ့ အခါ မှာ၊ သူဟာ ကျောက်တုံး ကြီး တစ်ခု ပေါ်မှာ
နောက်တ ဖန် ရေး လိုက် ပြန်တယ်။ " ယနေ့ ငါ့ အခင်ဆုံး သူ ငယ် ချင်း ငါ့
အသက် ကို ကယ်ခဲ့၏။ "
အဲဒီလက် သီး နဲ့ ထိုး လဲ ထိုး၊ ကယ်လဲကယ် ခဲ့ တဲ့ သူငယ်ချင်း က မေး
လိုက်တယ်။" ငါ မင်း ကို နာကျင်အောင် လုတ်တဲ့ အခါတုန်း က မင်း ဟာ
သဲပြင်ပေါ်မှာ ရေး ခဲ့တယ်။ အခု လဲ မင်း ရေး ကျောက် တုန်း ပေါ်မှာ ရေး
ပြန်ပြီး။ ဒါ တွေဟာ ဘာ ကြောင့်လဲ။"
သူ့ သူငယ်ချင်း က သူ့ကို ဒီလို ပြန် ဖြေ ခဲ့တယ်။ " သူငယ်ချင်း ရေ...
တစုံတယောက် က မင်း ကို နာကျင် အောင် ပြုလုပ်တဲ့ အခါမှာ၊ မင်း ရဲ့
တုန့်ပြန် မှုတွေက ခွင့်လွှတ်ခြင်း တွေ ပါတဲ့ လေ ရဲ့ပယ်ဖျက်ခြင်း
ကိုခံရမယ့် သဲပြင် ပေါ်မှာ ရေး ထား တဲ့ စာ သား တွေ လို မင်း လဲ ဘဲ သူတို့
မကောင်း တာ တွေ ကို လေ တွေ လို အ လွယ် တ ကူ ပြယ် ဖျက် သင့်တယ်။ ဒါပေ မယ့်
တစုံတယောက် က မင်း ကို ကောင်း တာ တွေ လုပ် ပေး တဲ့ အခါမှာ တော့ လေ တွေ အ
လွယ် တကူ မ ဖျက်နိုင်တဲ့ ကျောက်တုံး ပေါ်မှာ မင်း မှတ်တမ်း တင် ရေး သား
ထား သင့်တယ်။"

(အဲဒီလို ဘဲ ကျွန်တော်တို့ ရဲ့ နာကျင်မှု့တွေ နဲ့ နာ ကျည်း မှု့တွေ ကို သဲ
ပေါ်မှာ ရေး ထား တဲ့ စာ တွေ လို ဘဲ ရေး တတ်အောင် ကြိုး စား သင့်သလို
ကျွန်တော်တို့ အတွက်ကောင်း ကျိုး ဖြစ် စေမယ့် အ ရာတွေကို တော့ ကျောက်တုံး
တွေပေါ်မှာ မှတ်တမ်း တင် ကြရအောင် လား ဗျာ။ )

ဒီအကြောင်း လေး ကို တော့ တော်တော်များ များ သိကြ ဖတ်ဖူးကြ မယ်လို့ထင် ပါ
တယ်။ အနှစ်သာရ အရမ်း ရှိတဲ့အကြောင်း ပါ။ ဒါကြောင့်ဘာသာပြန်ပြီး ဝေမျှ
ခြင်း သက်သက် တာဖြစ် ပါတယ်။

နီပေါဘီယာ

Sunday, January 18, 2009

ကျနော်ရဲ့အရင်းနှီးဆုံးသော ချစ်သူမိတ်ဆွေလေးက မြန်မာပြည်ထဲကနေပို့ပေးလိုက်တာပါ၊ နှစ်သက်လွန်းလို့ ဘလော့ဒ်ပေါ်တင်လိုက်
ပါတယ်၊ ခံစားကြည့်ကြပါ။
တီဗွီအသံလွှင့် ဌာနတစ်ခုမှာ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ တစ်ခါက
တီဗွီအစီအစဉ် တစ်ခုအတွက် နီပေါလ် နိုင်ငံကို ကျွန်တော်ရောက်ခဲ့တယ်။
တီဗွီရိုက်မယ့် နေရာက အမြင့်ပေ ၁၅၀၀ကျော်ရှိတဲ့ တောင်ထိပ်က
ရွာလေးတရွာမှာပါ။ အဲဒီရွာမှာ ရေမီး မရှိတဲ့အပြင် ကားတက်ဖို့
လမ်းတောင်မရှိပါဘူး။ ရွာခံလူ (၁၅) ယောက်လောက် ခေါ်ပြီး လိုအပ်တဲ့
ပစ္စည်းတွေကို သယ်ခိုင်းခဲ့ကြရတယ်။

ကွေ့ကောက် မတ်စောက်တဲ့ တောင်တက်လှမ်းတစ်လျောက် တီဗွီရိုက်ခဲ့ကြရတယ်။
လူတိုင်းက မောပမ်း နွမ်းနယ်နေပါပြီ။ လမ်းခုလပ်မှာ စမ်းချောင်းတစ်ခု
တွေ့တော့ ကြည်လင်အေးမြပြီး တစ်သွင်သွင်စီးနေတဲ့ ရေကိုကြည့်ပြီး လူတိုင်းက
"ဒီရေထဲ ဘီယာဇိမ်သောက်ရရင် သိပ်ကောင်းမှာပဲ"လို့ အငမ်းမရ ပြောကြတယ်။
ဒီလောက်ခေါင်တဲ့တောထဲ ဘီယာဘယ်မှာ ရနိုင်မလဲ..? တောင်ခြေက +++ မှာ
တောင်ပေါ်ကို စမတက်ခင် အားလုံးက ဈေးကြီးတဲ့ ၀ီစကီပဲသယ်ပြီး ဘီယာတွေကို
ထားခဲ့ကြမယ် တိုင်ပင်လို့ လူတွေက ၀ီစကီပဲသယ်ခဲ့ကြတယ်။

စကားပြန်ရဲ့ အကူအညီကြောင့် ရွာထဲက ချီတော်လိလို့ အမည်ရတဲ့ လူငယ်တဦးက +++
မှာ သူ ဘီယာသွားဝယ်ပေးနိုင်ကြောင်း ပြောပါတယ်။ သူ့စကားကြားတော့
လူတွေကပျော်ကြတယ်။ ဒါပေမယ့် လမ်းခရီးကဝေးတော့ ၀ယ်ခိုင်းဖို့အတွက်
ဆုံးဖြတ်ရခက်နေကြတယ်။ လူငယ်က "ကိစ္စမရှိဘူး။ ကျွန်တော်လမ်းလျောက်တာ
မြန်တယ်။ မိုးမချုပ်ခင် ကျွန်တော် အရောက်ပြန်လာနိုင်တယ်"လို့
ပြောပြန်တယ်။

ချီတော်လိဟာ ပိုက်ဆံအချို့နဲ့ အိတ်တစ်အိတ်ယူပြီး တောင်အောက်ကို
ဆင်းသွားတယ်။ တကယ်ပဲ မိုးမချုပ်ခင်မှာ ဘီယာငါးပုလင်းနဲ့ တောင်ပေါ်အရောက်
ပြန်တက်နိုင်ခဲ့တယ်။ လူတွေက သူ့ကို လက်ခုပ်တီးပြီး ကြိုခဲ့ကြတယ်။
နောက်တစ်နေ့မှာ ချီတော်လိက "ခင်ဗျားတို့ ဘီယာသောက်ချင်ကြသေးလား"
လို့မေးပြန်တယ်။ မနေ့ညက မောမောနဲ့သောက်ထားတဲ့ ဘီယာအရသာကို လူတွေက
မမေ့ကြသေးဘူး။ ဒါပေမယ့် သူ့ကို နောက်တစ်ခေါက်သွားဝယ်ဖို့
မခိုင်းရက်ပြန်ဘူး။

ချီတော်လိက " ဒီနေ့ဟာ စနေနေ့.. မနက်ဖြန် တနင်္ဂနွေနေ့ ကျွန်တော်
ကျောင်းတက်စရာမလိုဘူး။ တဒါဇင်လောက် ကျွန်တော် သွားဝယ်ပေးလို့ရတယ်"
တဒါဇင်ဆိုတဲ့ မက်လုံးနဲ့ သူ့ကို ကျွန်တော်တို့ ၀ယ်ခိုင်းလိုက်ပြန်တယ်။
ပိုက်ဆံနဲ့အိတ်ကိုယူပြီး ချီတော်လိဟာ တောင်အောက်ကို ဆင်းသွားပြန်တယ်။
ဒါပေမယ့် အဲဒီညမှာ သူပြန်မလာခဲ့ပါဘူး။ ဘာကြောင့်လဲ.....
ဘာများဖြစ်လို့ပါလိမ့်... လူတွေက တညလုံး သူ့ကို စိတ်ပူခဲ့ကြတယ်။

နောက်နေ့မနက် ရွာကလူတွေဆီမှာ သူ့အကြောင်းကို စုံစမ်းကြည့်တော့
ရွာခံလူတွေက "ခင်ဗျားတို့ သိပ်အတာပဲ။ ဒီလောက်များတဲ့ ငွေကို ရမှတော့
အဲဒီကလေး ဘယ်ပြန်လာတော့မလဲ" လို့ ပြောကြတယ်။ ချီတော်လိရဲ့
မိဘတွေကတောင်ရဲ့ ဟိုဖက်ခြမ်းက ရွာတစ်ရွာမှာနေပြီး သူကဒီရွာမှာ
မိဘနဲ့ခွဲပြီး ကျောင်းလာတက်တယ်လို့ သိရတယ်။ ညရောက်တော့လဲ
သူပြန်မလာပါဘူး။ တနင်္လာနေ့ မနက်ရောက်တော့ လူတွေက သူနေတဲ့ ကျောင်းကို
သွားပြီး ဆရာ့ကို အကျိုးအကြောင်း သွားပြောပြတယ်။ ဆရာက " စိတ်မပူပါနဲ့။
ငွေတွေယူပြီး သူ့မိဘအိမ် ပြန်ပြေးသွားတာဖြစ်မယ်။ အန္တရာယ်တစ်ခုခုနဲ့
ရင်ဆိုင်ရတာတော့ မဖြစ်နိုင်ဘူး" လို့ ပြောတယ်။

ဝယ်ခိုင်းတဲ့ လူတွေက ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်ကို ပိုက်ဆံနဲ့
မြူဆွယ်မိလို့ နောင်တရကြတယ်။ အဲဒီည လူတွေ အိပ်မောကျနေတဲ့ သန်းခေါင်ယံ
အချိန်မှာ တံခါးခေါက်သံ တိုးတိုးကို လူတွေ ကြားလိုက်ရတယ်။
တံခါးဖွင့်ကြည့်တော့ ချီတော်လိဟာ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်၊
ကိုယ်ပေါ်မှာလဲ ပွန်းပဲ့ဒဏ်ရာအချို့နဲ့ ရွံတွေလူးလို့ တံခါးဝမှာ
ရပ်နေတာကို တွေ့လိုက်ရတယ်။

သူက " +++ မှာ ဘီယာတစ်ပုလင်းပဲ ကျန်လို့ ကျွန်တော်
တောင်(၄)တောင်လောက်ဖြတ်ပြီး တစ်ခြားရွာမှာ သွားဝယ်ခဲ့တယ်။ လမ်းခုလပ်မှာ
မတော်တဆ ချော်လဲလို့ (၃)လုံး ကွဲသွားပါတယ်" ပြောပြီး ကွဲသွားတဲ့
ပုလင်းစတွေနဲ့ လက်ကျန်ငွေကို ကမ်းပေးပါတယ်။ သူ့ကိုယ်သူ အမှား
လုပ်ထားမိတဲ့ ကလေးတစ်ယောက်လို့ ခေါင်းငုံ့ပြီး တနေရာမှာ ရပ်နေခဲ့တယ်။
သူ့ကို ကြည့်ပြီး လူတွေက မျက်ရည်ကျမိကြတယ်။ ကျလာတဲ့ မျက်ရည်တွေထဲမှာ
ချီတော်လိကို ကျေးဇူးတင်တယ်ဆိုတာထက် သူ့ကို အထင်လွဲမိတဲ့ အားနာစိတ်နဲ့
ရှက်ရွံစိတ်တွေက ပို ပိုပါလိမ့်မယ်။

တောတောင်တွေကို ပင်ပင်ပန်းပန်း ဖြတ်ပြီး လူတွေရဲ့ လိုအပ်ချက်နဲ့ ဆန္ဒကို
ဖြည့်ပေးခဲ့တဲ့ သူ့စိတ်ဓာတ်ကို ဘာလို့ သံသယဖြစ်ခဲ့ကြသလဲ......? ဖြူစင်
ရိုးသားတဲ့ သူ့စိတ်ဓာတ်ကို လူတွေက ဘာကြောင့် အထင်လွဲခဲ့ကြသလဲ....?

အပြန်အလှန် ယုံကြည်မှုဆိုတာ လူသားတွေရဲ့ အလှပဆုံး စိတ်ဓာတ်လို့ ကျွန်တော်
ယုံကြည်မိပါတယ်။

ခေါင်းဆောင်

မကြာခဏကြားရလေ့ရှိတဲ့စကားတခွန်းရှိပါတယ် ခေါင်းဆောင်များ မွေးထုတ်လေ့ကျင့်ပေးရမည် စသဖြင့်အ တော်ကိုလူသုံးများသော ၀ါကျဖြစ်ပါသည်၊အကယ်စင်စစ် ခေါင်းဆောင်ဆိုတာ မွေးထုတ်ပေးလို့ရပါသလား၊ လေ့ကျင့်ပေးလို့ရသော အရာကောဟုတ်ပါသလား၊ ကျနော်တို့တတွေသေသေချာချာမစဉ်းစားပဲ သူများပြော သလိုလိုက်ပြောနေကြပါသလား။
ဤမေးခွန်းကိုဖြေဆိုရန် ကျနော်တို့ပထမဦးစွာ ခေါင်းဆောင်များကို တဦးချင်းဆီလေ့လာရပါမည်၊ ကျနော်တို့ ကိုယ်တိုင်လည်း ရံဖန်ရံခါခေါင်းဆောင် လုပ်ခဲ့ရသည့်အချိန်များကို ပြန်လည်စဉ်းစားကြည့်ရပါမည်၊နေရာအမျိုး မျိုးအချိန်ကာလအမျိုးမျိုးမှ ခေါင်းဆောင်အမျိုးမျိုးတို့ကို ပြန်လည်သုံးသပ်ကြည့်ရပါမည်၊ ၄င်းတို့ကိုမည်သူတွေ ကမွေးထုတ်ပေးခဲ့ကြပါသလဲ။
ကျနော်နှင့်လုပ်ဖေါ်ကိုင်ဖက်များထဲတွင်လည်း ခေါင်းဆောင်ဖြစ်နေသူများလည်းရှိသည်၊ အချို့မှာစီးပွားရေးတွင် အောင်မြင်နေသော ခေါင်းဆောင်များ၊ တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ စသည်ဖြင့် ခေါင်းဆောင်အမျိုးမျိုးရှိနေကြသည့်အထဲမှ ကျနော်နှင့်အနီးကပ်ဆုံး ခေါင်းဆောင် တစ်ဦးကို လေ့လာကြည့်မိသည်၊သူ့ကိုနိုင်ငံခြားသားတော်တော်များများနှင့် စေတနာ့ဝန်ထမ်းနိုင်ငံခြားသား တော်တော်များများက -charismatic –leader သို့မဟုတ် natural –leader ၊မြန်မာပြည်က သဘာဝရုပ်ရှင်မင်း သားကိုကျော်ဟိန်း(ကိုကျော်) လို့သတ်မှတ်ကြပါတယ်၊မရမကဖြစ်ညှစ်ပြီး ဖြစ်လာရတဲ့ခေါင်းဆောင်၊လုပ်ယူလို့ ရတဲ့ခေါင်းဆောင်မဟုတ်ဖူးပေါ့။
သူ့ကိုခေါင်းဆောင်ဖြစ်စေသော အရာကိုကျနော်သတိထားလေ့လာနေခဲ့သည်၊ ခေါင်းဆောင်တဦးအဖြစ်အောင် မြင်စေသည့် အရည်အချင်းများ၊စိတ်နေသဘောထားများ၊ အနေအထိုင်အပြောအဆိုများကို အထူးဂရုပြုရှာဖွေ ဖေါ်ထုတ်ဖို့ကြိုးစားမိသည်၊ သူဘ၀မှတ်တိုင်များ၊ သမိုင်းကြောင်းများ၊သူနှင့်သူ့မိသားစုဆက်ဆံရေးပါမကျန် ဆက်၍လေ့လာကြည့်မိသည်၊ကျနော်စောင့်ကြည့်လေ့လာ ရှာဖွေနေသောအရာများ အလုံးစုံတခုမကျန်သိရပြီ ဆိုသောအခါ ကျနော်ကောခေါင်းဆောင်ဖြစ်သွားပြီလား၊ ကျနော်ကတော့မည်သည့်အခါမျှ ခေါင်းဆောင်ဖြစ်လာ မည့်သူမဟုတ်ပါ၊အတိအကျပြော၍ရသော အကြောင်းအရင်းခိုင်ခိုင်မာမာ တခုတော့ရှိနေသည်၊ ထိုအကြောင်း မှာ ကျနော်ကိုယ်တိုင်က ခေါင်းဆောင်ဖြစ်ချင်တဲ့စိတ် လုံးဝမရှိခြင်းကြောင့်ဖြစ်သည်။ခေါင်းဆောင်ဖြစ်မည့်သူ များကိုပံ့ပိုးမည့်သူတော့ဖြစ်လိုပါသည်၊ ခေါင်းဆောင်များအောင်မြင်ဖို့အတွက် နောက်လိုက်ကောင်းတစ်ဦးအမြဲ ဖြစ်လိုသည်၊ မည်သည့်အကြောင်းပြချက်ဖြင့် ခေါင်းဆောင်မဖြစ်လိုသည်ကို ကျနော်တခါမျှမစဉ်းစားမိခဲ့ဖူးပါ။
အဝေဖန်မခံနိုင်၍လည်းဖြစ်နိုင်သည်၊မယှဉ်ပြိုင်လို၍လည်းဖြစ်နိုင်သည်၊သူတပါးကိုဦးစားပေးလိုသောစိတ်၊ရှေ့ တန်းတင်လိုသောစိတ်ကြောင့်လည်းဖြစ်နိုင်သည်၊ စင်စစ်မှာသူတပါးအားဦးစားပေးတတ်ခြင်း၊အနစ်နာခံတတ် ခြင်းကပင်လျှင် ခေါင်းဆောင်ကောင်းများ၏အရည်အချင်းများအနက် ပဓါနကျသောအရည်အချင်းများမဟုတ်ပါ လား၊ဒါဆိုရင်ကောကျနော်ကတခါတလေ (တနည်းတဖုံအားဖြင့်)ခေါင်းဆောင်ဖြစ်လာနိုင်ပါသလား၊ လုံးဝမဖြစ် နိုင်သေးပါ၊ဘာ့ကြောင့်လဲဆိုတော့ ခေါင်းဆောင်ဖြစ်ချင်စိတ်မှမရှိတာ၊ဒါဖြင့်ရင်ခေါင်းဆောင်တယောက်ဖြစ်လာဖို့ အရေးကြီးဆုံးလိုအပ်ချက်က ခေါင်းဆောင်ဖြစ်ချင်တဲ့စိတ်လို့ဆိုနိုင်ပြီလား၊စာဖတ်သူမှာသာအဖြေရှိပါလိမ့်မည်၊ ဒါတခုထဲနဲ့တော့လုံလောက်ချင်မှလုံလောက်မည်။
ပညာရှင်များလေ့လာချက်အရ ခေါင်းဆောင်များကိုအောင်မြင်စေသော အချက်များအနက် ထက်ဝက်ခန့်မှာ ထို ပုဂ္ဂိုလ်၏ဥပဓိရုပ်နှင့်စိတ်နေသဘောထားပေါ် မူတည်ပြီးကျန်ထက်ဝက်ခန့်မှာ သဘာဝပတ်ဝန်းကျင်၏လိုအပ် ချက် အခြေအနေအချိန်အခါတို့အပေါ်မူတည်သည်၊ကျနော်တို့အများသိသော ခေါင်းဆောင်တဦးချင်းစီကိုအနီး ကပ်လေ့လာကြည့်ရအောင်၊ခေါင်းဆောင်တိုင်းလူထုကောင်းကျိုးပြုကြပါသလား၊မည်၍မည်မျှသော လူထုပရိတ် သတ်ကိုအကျိုးပြု၍ မည်၍မည်မျှသောလူပုဂ္ဂိုလ်များအတွက် ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေခဲ့ပါသလဲ။
ကျနော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ခေါင်းဆောင်များဖြစ်ကြသော ဒေါတ် တာနိုင်အောင်၊ကိုမိုးသီး၊ကိုသံခဲ၊ကိုအောင်နိုင်ဦး၊ပြည်တွင်းမှမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊မင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊မဖြူဖြူသင်း၊ကိုဂျင်မီ၊အီတလီမှ မူဆိုလိုနီ၊ဂျာမဏီမှ ဟစ်တလာ၊အာဖ ရိကမှ နယ်ဆင်မန်ဒရဲလား၊အိုစမာဘီလာဒင်၊ဦးနေ၀င်း၊ဦးသန့်၊ဒေါတ်တာစင်သီယာမောင်၊စောဘဦးကြီး၊ ဆဒန် ဟူစိန်၊အာဂျင်တီးနားမှ ချီဂွေဘားရား၊မဟတ္တမဂန္ဓီ၊ဂျော့ဘုရှ်၊အိုဘားမား၊ဗိုလ်ချုပ်အောင်ဆန်း၊ဂျော်နီထူး-လူးသာ ထူး(God- Army)စသည့်ခေါင်းဆောင်တို့ကိုလေ့လာကြည့်ရအောင်၊ထိုခေါင်းဆောင်များအားလုံးကို ကမ္ဘာ့ပြည် သူများက တပြေးညီလေးစားကြည်ညိုကြပါသလား၊တဦးတယောက်သောခေါင်းဆောင်ကို ကမ္ဘာပြည်သူများက တညီတညွတ်တည်း အသိအမှတ်ပြုရမည်ဟု ဥပဒေပြင်ဆင်သတ်မှတ်ထားပါလျှင် တရားမျှတပါမည်လား။
ကျနော်ကိုယ်ပိုင်ခံစားချက်နှင့် နှုင်းယှဉ်ဆင်ခြင်မိသည်၊Hip-Hop သီချင်းကိုကျနော်မမုန်းပါ၊ သို့သော်နေ့ရောည ပါနေရာတကာ-Hip-Hop-ဘုရားကျောင်းထဲမှာပါ Hip-Hop ဖြစ်လာသောအခါ ကျနော်အမြင်ကပ်လာပါတော့ သည်၊လူ့သဘာဝလူ့ပတ်ဝန်းကျင် တခုအနေဖြင့် အထူးသတိထားဆင်ခြင်ရပေမည်၊ခေါင်းဆောင်တဦး၏ ကိုယ်ပိုင်အရည်အချင်းမှာ နောင်လိုက်များကို တစုံတခုပြုလုပ်စေနိုင်ခြင်း(သို့မဟုတ်)မလုပ်ပဲနေစေရန် စည်းရုံး နိုင်ခြင်း၊အင်္ဂလိပ်လို-Motivating the followen-ပင်ဖြစ်သည်၊ခေါင်းဆောင်တဦးချင်းစီအလိုက် နောက်လိုက် များကို Motivate-လုပ်ပုံလုပ်နည်း ကွဲပြားခြားနားကြသည်၊ဤနေရာတွင် အခြေအနေအချိန်အခါအလိုက်ပါဝါငါး မျိုးအနက် တခုခုကိုအသုံးချ၍ -Motivate-လုပ်သွားကြသည်၊ယင်းပါဝါ(၅)မျိုးမှာ (၁)ကျွမ်းကျင်မှု(၂)တရားဝင် ပေးအပ်ထားခံရခြင်း(၃)ဆုပေးဒဏ်ပေးနိုင်ခြင်း(၄)ခင်မင်လေးစားမှု(၅)ယုံကြည်အားကိုးမှုတို့ပင်ဖြစ်သည်။
အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနေပါသည်ဆိုသော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက ဤထူးဆန်း သောဦးဆောင်မှုအရည်အချင်းများကို မည်သို့လေ့ကျင့်ပျိုးထောင်ပေးနေကြပါသနည်း၊မြန်မာ့လူ့အသိုင်းအ၀ိုင်း တွင်ကျနော်တွေ့ဖူးသမျှတော့ လူငယ်များအပါအ၀င် ကလေးများကို ဆုံးမသြ၀ါဒများ တလှေကြီးချွေနေသည် ကိုတွေ့ဖူးသည်၊လူငယ်များ ကလေးများကို အမိန့်နာခံတတ်အောင် သင်ကြားပေးနေကြသည်၊အမိန့်ပေးတတ် အောင် သင်ကြားပေးနေကြသည်၊ရိုသေဂါရ၀ဖြင့်-Motivate-လုပ်တတ်အောင် သင်ကြားမှုအလွန်နည်းပါးသည်၊ ခေါင်းဆောင်များမွေးထုတ်ပေးကြမည့်လူပုဂ္ဂိုလ်များ စဉ်းစားရမည်မှာ မည်သူတွေကိုခေါင်းဆောင်မည့်ပုဂ္ဂိုလ် များကိုမည်ကဲ့သို့မွေးထုတ်ကြမည်ဆိုသည်ကို အသေအချာစီမံကိန်းချဆောင်ရွက်စေလိုသည်၊ကျနော်တို့မြန် မာ့လူ့ဘောင်အသိုင်းအ၀ိုင်း တခုလုံးအတွက် မည်သို့သောခေါင်းဆောင်များလိုအပ်နေသည်ကို ဦးစွာလေ့လာ စေလိုပါသည်၊မိမိမွေးထုတ်လိုက်သည့်ခေါင်းဆောင်များကို ပြည်သူအများက မည်မျှလက်ခံကြမည်ကို ကျနော် တို့မသိနိုင်ပါ၊ပြည်သူအများမျှော်လင့်နေသော ခေါင်းဆောင်အရည်အချင်းများနှင့် ပြည့်စုံနိုင်မှသာ ပြည်သူအများ ၏ကောင်းသောတုန့်ပြန်မှုကို လက္ခံရရှိမည်၊ဤနေရာတွင်လည်း မြန်မာ့လူ့ဘောင်အသိုင်းအ၀ိုင်းနှင့် အလွန်စိမ်း နေသေးသည့် သုတေသနစစ်တမ်းကောက်ယူခြင်း၏အကူအညီကို ရယူနိုင်လျှင် ပိုကောင်းမည်ဟု ထင်မြင်ယူ ဆမိသည်၊အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မြန်မာလူ့အသိုင်းအ၀ိုင်းနှင့် အပ်စပ်သောခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်ကြပါစေ၊

ခေါင်းဆောင်များသို့

Monday, January 5, 2009

ကျနော်သည် အစည်းအဝေးကိုမကြာခဏ လုပ်လေ့ကျင်းပလေ့ရှိသော အဖွဲ့အစည်းတခုတွင် (၁၀)လခန့် အလုပ်လုပ်ဖူးသည်၊ ကျနော်အစည်းအဝေးကျင်းပခြင်းနှင့် သက်ဆိုင်သော စာအုပ်တအုပ်ဖတ်ဖူးသည်၊ ၄င်းစာအုပ်တွင်သင်သည် လူတစ်ဦးတယောက်နှင့်ဖြစ်စေ ဆယ်ယောက်နှင့်ဖြစ်စေ အစည်းအဝေးပြုလုပ်လျှက် ရှိနေစဉ် မကြာခဏကြားဖြတ်နှောက်ယှက်မှုများရှိနေပါကစိတ်အနှောက်အယှက်ဖြစ်ပြီး အစည်းအဝေးဦးတည် ချက်ကိုမရောက်တော့ပါ၊နိုင်ငံရေးနှင့်သက်ဆိုင်သောအစည်းအဝေးသော်လည်းကောင်း၊စီးပွားရေးနှင့်ပတ်သက် အစည်းအဝေးသော်လည်းကောင်း၊ လူမှုရေးနှင့်သက်ဆိုင်သည့်အစည်းအဝေးသော်လည်းကောင်း မည်သည့်ကြား
ဖြတ်အနှောင့်အယှက်များမရှိစေရန်ကြိုတင်စီမံထားရပါမည်၊မည်သည့်အရေးကိစ္စမဆို အနည်းဆုံးမိနစ်(၉၀) စောင့်ရပါမည်၊အစည်းအဝေးကျင်းပချိန်မှာလည်း မည်သည့်အစည်းအဝေးပွဲမဆို မိနစ်(၉၀)ထက်ပိုပြီး မကြာသင့်၊ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးရဲ့အာရုံစူးစိုက်မှုဟာမိနစ်(၉၀)ထက်ပိုပြီးအာရုံမစိုက်နိုင်ခြင်း ကြောင့်ဖြစ်သည်၊အစည်းအဝေးဘာကြောင့်ကျင်းပရန်လိုအပ်သည်ကို ရှင်းလင်းစွာသိရန်လိုပါသည်၊ငွေကုန် အချိန်ကုန်သံပြာသော အစည်းအဝေးမျိုးလုံးဝမဖြစ်စေရ၊အစည်းအဝေးများ မကြာခဏပြုလုပ်ကျင်းပခြင်း သည်အဖွဲ့အစည်းရဲ့ညံ့ဖျင်းမှုကိုဖေါ်ပြရာရောက်သည်၊အဘယ့်ကြောင့်ဆိုသော် အစည်းအဝေးများသည် သာမန် အလုပ်လုပ်သောအချိန်များကို ထိခိုက်စေသောကြောင့်ဖြစ်သည်၊အကြီးအကဲများ၊ခေါင်းဆောင်များသည်မိမိ အလုပ်လုပ်ချိန်လေးပုံတပုံထက် အစည်းအဝေးတွင်အချိန်ကုန်နေသည်ဆိုလျှင် ထိုအဖွဲ့အစည်းသည် ညံ့ဖျင်း သောအဖွဲ့အစည်းဖြစ်ကြောင်းဖေါ်ပြရာရောက်သည်၊ အစည်းအဝေးဆိုသည်မှာ လိုအပ်မှသာ ကျင်းပသင့်သည်၊ အစည်းအဝေးကို ပုံမှန်လုပ်ကဲ့သို့ သဘောထားရန်မဟုတ်၊အချို့သောအဖွဲ့အစည်းများသည်၊ နံနက်ရုံးတက်ချိန် မှသည်ညနေမိုးချုပ်သည်အထိ အစည်းအဝေးကျင်းပတတ်သည်ကို ကျနော်တွေ့မြင်နေရပါသည်၊ အဖွဲ့အစည်း တခုတွင် လူအများသည် တချိန်လုံးလိုလို စုရုံးစုရုံးနှင့် တွေ့ဆုံစည်းဝေးနေကြသည်ဆိုလျှင် မည်သူမျှအလုပ်ကို ဟုတ်တိပတ်တိ မလုပ်သောအဖွဲ့အစည်းဖြစ်ကြောင်းသိသာလာပါသည်၊ခေါင်းဆောင်ဆိုသူအနေနှင့်လည်း အစည်းအဝေးများတက်နေရသည်နှင့် အချိန်ကိုကုန်လွန်စေသည့်အဖြစ်မျိုးမဖြစ်သင့်ပေ၊ခေါင်းဆောင်များ အစည်းအဝေးနှင့် အချိန်ကိုမကုန်စေသင့်ပါ၊အစည်းအဝေးများများတက်လျှင် အချိန်ကုန်သည်၊ငွေကုန်သည်၊ ရုံးတွင်ကျန်ရှိနေသောမိမိရဲ့လက်အောင်ငယ်သားများ ရုံးတွင်ကော်ဖီသောက် အကြောင်းမရှိအကြောင်းရှာကာ အပြင်သို့ခဏခဏထွက်ခြင်းသည်၊ရုံးချိန်အတွင်း အလုပ်လုပ်ချိန်ကိုထိခိုက်နစ်နာစေကြောင်း ခေါင်းဆောင်ဆိုသူ များအားအသိပေးအပ်ပါသည်။