ရိုဟင်ဂျာလူမျိုးများရဲ့ဖြစ်ပုံ

Monday, October 20, 2008










































ကျနော်ဒီဆောင်းပါးလေးတပုဒ်ကို၊ ရေးချင်နေတာကြာပါပြီ ရေးသင့်မရေးသင့်ဆိုတာကိုလည်း ကျနော်အကြိမ်ကြိမ်စဉ်းစားနေမိပါသေးသည်၊ ရိုဟင်ဂျာများကို ကျနော်တို့မြန်မာတိုင်းရင်းသား လူမျိုးစုထဲမှ လူမျိုးတမျိုး ဟုတ်သည်မဟုတ်သည်ဆိုတာကို ကျနော်ကိုယ်တိုင်ကလည်း ခရေစေ့တွင်းကျလုံးဝမသိတာ ကိုအရင်ဦးဆုံးဝန်ခံရမည်ဖြစ်သည်၊ဟုတ်ချင်လည်းဟုတ်မည် မဟုတ်ချင်ရင်လည်းမဟုတ်တန်ရာ၊ ၄င်းကိစ္စ နှင့်ပတ်သက်ပြီး တိုင်းရင်းသားလူငယ်များဆွေးနွေးပွဲတွင် အချေအတင်ဆွေးနွေးခဲ့ဖူးသည်ကို ကျနော်တ စွန်းတစကြားခဲ့ရဖူးပါသည်၊ကျနော်အယူအဆမှားခဲ့လျှင်လည်း အကြံပြုဆွေးနွေးမှုများကို လက္ခံရန်အဆင် သင့်ရှိနေသည်ဆိုတာကို အရင်ဦးအသိပေးထားပါရစေ၊ကျနော်အခြေခံလူထုလူ့အခွင့်အရေး ပညာပေး ကော်မီတီ(gressroot-hre) တွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေစဉ် ကျနော်နှင့်ရည်ရွယ်ချက်ချင်း လဲတူ ဒီမိုကရေနှင့်လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် ရဲဘော်ရဲဘက်လည်းဖြစ် အကို တယောက်လို ချစ်ခင်လေးစားရသော အဖွဲ့အစည်းဒါရိုက်တာ အကိုကြီးကိုထူးချစ်ရဲ့တာဝန်ပေးချက်အရ ရို ဟင်ဂျာများနှင့် သက်ဆိုင်သောကိစ္စအ၀၀ကို ကျနော်ကိုယ်တိုင်တာဝန်ယူ ကိုင်တွယ်ခဲ့ရပါသည် လူသားတဦးအနေနှင့် စာနာထောက်ထားကာ ခံစားနားလည်ခဲ့ရပါသည်၊ လှေစီးဒုက္ခသည် ဆိုသည်များကိုလည်း မိမိကိုယ်တိုင်မြင်တွေ့မိကာမှ ယူကျုံးမရဖြစ်မိတာအမှန်ပါ၊၂၀၀၇ ခုနှစ်ဒီဇင်ဘာလကုန်အထိ ထိုင်းနိုင်ငံ ဖန်ငါခရိုင် တကူပါမြို့နှင့် ခုရပူရီမြို့နှစ်မြို့တွင် ရိုဟင်ဂျာလှေစီးဒုက္ခသည် ပေါင်းတထောင်ငါးရာကျော်နှင့် ၄င်းတို့ကိုထိုင်းပင်လယ်ပြင် ရေပိုင်နက်တွင် ထိုင်းရေတပ်မှ ဖမ်းဆီးမိပြီးသည့်နောက် ကျနော်သူတို့နှင့်ဆုံ ဆည်းခဲ့ရခြင်းဖြစ်သည်၊ ဖမ်းဆီးမိသည့် အခါတိုင်းတွင်လည်း သက်ဆိုင်ရာထိုင်းရဲအရာရှိများက ဖန်ငါခရိုင် တွင်အခြေစိုက်သော အခြေခံလူထု လူ့အခွင့်အရေးပညာပေးကော်မီတီသို့ ချက်ခြင်းအကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်၊ အဖွဲ့အစည်းဒါရိုက်တာ ကိုထူးချစ်မှလိုအပ်သည့် အကူအညီများပေးနိုင်ရန် ကျနော်ကိုဆိုင် ရာရဲစခန်းသို့ စေလွှတ်ခဲ့ပါသည်၊ မြင်တွေ့ရသည့်မြင်ကွင်းမှာ လုံးဝစိတ်မချမ်းသာစရာပါ။

မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ကမ်းမြောင်ဒေသမှထိုင်းနိုင်ငံတောင်ပိုင်းဖန်ငါခရိုင်အထိ မိုင်ပေါင်းများ စွာကွာဝေးလှသော ကြမ်းတမ်းသည့်ပင်လယ်ပြင်ခရီးအား လူငါးဆယ်ခန့်သာဆန့်သော လှေတစီးကိုလူ ပေါင်းရှစ်ဆယ်မှတရာအထိတင်ဆောင်ကာ မိမိတို့ဘ၀ရပ်တည်မှု၊စားဝတ်နေရေး၊ လူဖြစ်လျှက်နှင့်လူသား ဆန်ဆန်နေထိုင်ရပ်တည်နိုင်သော အခြေအနေမရှိပဲ နိုင်ငံမဲ့သောသူများအဖြစ်မှ လွတ်မြောက်ရန်လမ်းစများ ကိုရှာဖွေရန်အတွက် စွန့်စားပြီးထွက်လာကြခြင်းဖြစ်သည်။ ဖမ်းမိသောရိုဟင်ဂျာများကို ထိုင်းရဲများကအ၀တ် အစားများကိုချွတ်ခိုင်းသည်၊ပင်လယ်ထဲတွင်ရက်ရှည်ညများနေလာခဲ့ရခြင်းကြောင့် အများစုမှာအရေပြား ရောဂါ၊ရေမသန့်ရှင်းမှုကြောင့်ဝမ်းရောဂါနှင့် အခြားသောရောဂါများ ကိုပါခံစားနေကြရသည်၊ပင်လယ်ပြင် တွင်ကျန်ရစ်သော ရိုဟင်ဂျာအလောင်းများလည်းရှိသေးသည်။ ဖမ်းဆီးမိသောရိုဟင်ဂျာများ၏လတ်တ လောကြုံတွေ့နေရသည့်လူမှုရေးနှင့်သက်ဆိုင်သော အကူအညီများကိုအခြေခံလူထု လူ့အခွင့်အရေးပညာ ပေးကော်မီတီ[grassroots-hre]တာဝန်ယူပြီး ကျန်းမာရေးနှင့်သက်ဆိုင်သော အကူအညီများကိုနယ်ဆီးမ ထားဆရာဝန်များအဖွဲ့[msf]မှတာဝန်ယူကာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးပါသည်၊ လှေစီးဒုက္ခသည် လူသားထဲကလူသားများဖြစ်သော ရိုဟင်ဂျာများမှာ လူသားများသာဖြစ်ပါသည်၊ မဆလ၊န၀တ၊နအဖ၊တို့အနေနှင့် လူသားဆန်ဆန် လူသားချင်းစာနာထောက်ထားတတ်သော စိတ်ဓါတ်မရှိမှန်းကို ကျနော်နားလည်ပါသည်၊ တောင်သူလယ်သမားမိဖများမှ မွေးဖွားလာသောကျနော် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီစနစ် ဦးနေ၀င်း အာဏာရှင်ဆန်ဆန် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေချိန် အခြေခံလူတန်းစားတို့၏ လက်ရှိကြုံတွေ့နေရသော စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားမှုကို ရှေ့တန်းမတင် အခြေခံလူတန်းစား တောင်သူလယ်သမား အလုပ်သမားများကိုသာ အပြစ်ရှာရန်မူကာ ရန်မယ်ရှာတတ်သည်ကို ကျနော်တတ်သိနားလည်စ အရွယ်ကတည်းက ဆိုးရွားသောနိမိတ်ပုံများကို ကိုယ်တိုင်ကိုယ်ကြကြုံတွေ့ခဲ့ရဖူးပါသည်၊ တာဝန်ကျေစပါးမသွင်းနိုင်သော ကျနော်အဖိုးထောင်ကျခဲ့ဖူးပါသည်၊ အိမ်မှာရှိသောနွား တရှဉ်းရောင်းပြီးတာဝန်ကျေစပါးဖိုး သွင်းမှသာ အဖိုးထောင်ကလွတ်လာပါတော့သည်၊၁၉၉၄ ခုနှစ်ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ တွင်ထောက်လှမ်းရေးအမှတ်(၁၉) ဖမ်းဆီိးခြင်းကိုကျနော်ခံခဲ့ရပါသည်၊ အာဏာရူးစစ်ဘီလူးလက်ပါးစေတို့၏ ရက်စက်မှုကိုကျနော်ခံခဲ့ရဖူးသည်၊ကျနော်ထောင်ကျခဲ့သည်၊မြန်မာ ပြည်မှာမွေး မြန်မာဆန်ကိုစားပြီး မြန်မာပြည်တွင်ကြီးပြင်းလာသောကျနော် နအဖစစ်အစိုးရရဲ့လူမဆန်တဲ့ရက်စက်မှုကို ခါးသီးစွာကျနော်ခံခဲ့ရဖူးသည်၊ကျနော်ဆိုလိုသည်မှာ မြန်မာပြည်သူလူထုကပေးတဲ့လစာ ကိုစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းတည်ထောင်ထားသော ပြည်သူ့တပ်မတော်ကို မိမိအာဏာတည်မြဲရေးတွက် ခါးပိုက်ဆောင်တပ်မတော်လုပ် ကိုယ့်လူမျိုးကိုနှိပ်စက် ကိုယ့်တိုင်းပြည်ကိုဆင်းရဲတွင်းနက်အောင်လုပ်နေတဲ့ အာဏာရူးစစ်ဘီလူးတွေက ရိုဟင်ဂျာတွေအပေါ်လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့တာကတော့ဆန်းတော့ဆန်းမယ်လို့ ကျနော်မထင်မိပါဖူး၊ခုနှစ်ရက်သားသမီးများကျန်းမာချမ်းသာကြပါစေလို့သာ ကျနော်ဆုတောင်းမိပါတော့တယ်။

ဆိုင်ကယ်ပျောက်ဆုံးမှုများနေ

Tuesday, October 14, 2008



မြန်မာစစ်အစိုးရမှ တရားမ၀င်လိုင်စင် မရှိသောဆိုင်ကယ်များကို ၂၀၀၈ ခုနှစ် ဇူလိုင်လမှစကာ လိုင်စင်လုပ်ခွင့်များ ပြုလိုက်ခြင်းကြောင့် ထိုင်းနှင့်တရုတ်နိုင်ငံများမှ တနေ့လျှင် ဆိုင်ကယ်အစီးပေါင်း တထောင်ခန့် တရားမ၀င်တင်သွင်းမှုများ ပြုနေကြသည့် အပြင် ထိုင်းမြန်မာနယ်စပ် နှင့်တရုတ်နယ်စပ်တို့တွင် နေ့စဉ်ဆိုင်ကယ် ပျောက်ဆုံးမှုများနှင့် ရင်ဆိုင်နေကြရသည်၊ ထိုင်းနိုင်ငံထုတ် HONDA-DREAM ဆိုင်ကယ်အမျိုးအစားမှာ မြန်မာ ကျပ်ငွေသိန်းနှစ်ဆယ်(၂၀) ထိုင်းဘတ်ငွေဖြင့် (၅၈၁၄၀)ခန့် ဈေးပေါက်လျှက်ရှိပြီး တရုတ်နိုင်ငံထုတ် KENBO ဆိုင်ကယ်တို့မှာ မြန်မာကျပ်ငွေငါးသိန်း ထိုင်းဘတ်ငွေဖြင့် (၁၄၅၃၅)ဘတ် ခန့်ဈေးပေါက်လျှက် ရှိသည်။ တပ်ခရိုင် မဲဆောက်မြို့နှင့်တဖက်ကမ်းရှိ မြန်မာနိုင်ငံသို့ ဆိုင်ကယ်များတင်သွင်းနေသော ပွဲစားတဦး၏ ပြောဆိုချက်အရ ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းလာသော ဆိုင်ကယ်များကို မြ၀တီမြို့မှတဆင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့တနေ့လျှင် ဆိုင်ကယ်အစီးပေါင်း(၇၀၀) ခန့်တရားမ၀င် တင်သွင်းမှုများ ပြုလုပ်နေကြပြီး မြ၀တီနှင့်မော်လမြိုင် ကြားလမ်းခရီးတွင်မြန် မာစစ်တပ်ဂိတ်မှားနှင့် DKBA ဗုဒ္ဓဘာသာ လက်နက်ကိုင်အဖွဲ့ အခြားသော အပစ်အခတ်ရပ် စဲထားသောအဖွဲ့စသည် အဖွဲ့အစည်းများ လမ်းခရီးတလျှောက် ချထားသောဂိတ်ပေါင်းနှစ် ဆယ်ကို ဆိုင်ကယ်တစီးလျှင် ဂိတ်ဖြတ်ခ မြန်မာကျပ်ငွေတစ်သောင်း ထိုင်းဘတ်ငွေဖြင့် (၂၉၁)ဘတ်ပေးဆောင်ရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်ဆိုင်တွင်လည်းတရုတ်နိုင်ငံမှ နေ့စဉ်ဆိုင်ကယ်အ စီးပေါင်းနှစ်ရာခန့် တင်သွင်းနေပြီး အိုလံပစ် ပွဲတော်မတိုင်ခင်တွင် ဆိုင်ကယ်အစီးပေါင်းငါး ရာခန့် တင်သွင်းခဲ့ကြသည်၊ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည်စက်ရုံမရှိခြင်းကြောင့် ထိုင်းတရုတ်နှင့်ဂျပန်နိုင်ငံများမှ တင်သွင်းမှုများ ပြုနေကြခြင်း ဖြစ်သည်၊ မြန်မာ နိုင်ငံယဉ်ထိမ်းရဲဌာနမှ ရန်ကုန်မြို့တွင် တရားမ၀င်ဆိုင်ကယ် အစီးပေါင်း ငါးသိန်းကျော်ခန့် ရှိသည်ဟု ထုတ်ဖေါ်ပြောကြားသွားသည်။ [salweennews.org] မှ ဘာသာပြန်ဆိုသည်။

ယုတ်မာမှုအပေါင်း သရဖူဆေင်း


လူထုချဉ်ဖတ်ပြည်သူ့အန်ဖတ် သူခိုးသန်းရွှေတပ်မတော် တကယ်ကိုတော်အား ကြီးလွန်းလို့ အတော်တက အတော်ဆုံး ကမ္ဘာ့အယုတ်တမာပုံကြီးကို ကြည့်ရုံမျှဖြင့်ရင် စရာလေးတွေနဲ့ပဲ ပြည်သူတွေမြင်တွေ့နေရဦးမှာပါ၊ ရှမ်းသမီးပျိုလေး နန်းချန်တောင်းရဲ့ လိုင်စင်ရမုဒိမ်းသမားဆိုတာ ကျနော်တင်ထားပေးတဲ့ ပုံကို ကြည့်လိုက်တာနဲ့ ယုံကြည်စရာတွေ ဖြစ်လာမှာပါ၊ တိုင်းရင်းသူလေး တယောက်ကို သေနတ်ချိန်ပြီး လက်ကိုလိုက်ဆွဲနေတာက ကမ္ဘာ့လူထုအသိုင်းအ၀ိုင်းရှေ့မှာ မျက်နှာမပြရဲစရာပါဗိုလ်သန်းရွှေ၊ ဆင်သေကိုဆိတ်သားရေနဲ့ဖုံးလို့ မရဖူးဆိုတာ ဒီပုံကဦးသန်းရွှေနဲ့ အပေါင်းအပါတစု သမိုင်းစာမျက်နှာမှာ ကျန်နေရစ်မှာပါ၊ အခုလည်းကြည့်လေ၊ လူတိုင်းလိုလိုက သူခိုးသန်းရွှေ လူသတ်ကောင်သန်းရွှေ ရဟန်းသံဃာတွေကိုရက်ရက်စက်စက်သတ် တဲ့ဒေ၀ဒတ်သန်းရွှေတဲ့၊ ပြည်သူတွေကဒဏ်မခတ်ပဲ အသက်ကြီးလို့ သေသွားရင်တောင် လူ့လောကမှာကျန် နေရစ်မယ့် ဗိုလ်သန်းရွှေရဲ့မိသားစုကို လူထုထဲကဒဏ်ခတ်မဲ့ သူတော့ရှိနေမှာပါ ဗိုလ်သန်းရွှေ။