ခွပ်ဒေါင်းနီ

Monday, October 13, 2008

ဒေါင်းမာန်ဝင့်ချီ..သွေးရဲနီသည်

သမိုင်းတခေတ်…တော်လှန်နှစ်.၈၈.မှာ

တော်လှန်အသိမွေးခဲ့ကြသည်…ခွပ်ဒေါင်းနီ။

အရေးကြီးပြီ…ညီနောင်အပေါင်းတို့

ကိုမွန်းအောင်…ဆိုခဲ့တဲ့တော်လှန်သီချင်း

ခွပ်ဒေါင်းစိတ်ကိုနှိုးဆွ..မာန်မာနကိုအပ်နှင်း

လက်ချင်းတွဲယှက်…ခွပ်ဒေါင်းတို့သွေးမပျက်ခဲ့။

အာဏာရူး…ဗိုလ်သန်းရွှေစစ်ဘီလူးကိုအန်တု

သေမှာကိုငါမမှုခဲ့။

ဝိညာဉ်ကျန်ရစ်..တရားသောစစ်

၈၈.ဒီမိုကရေစီအရေး..ပြည်သူ့အရေးမို့

အသက်နဲ့သွေး…စတေးခဲ့ကြပြီ

ဒေါင်းမာန်ဝင့်ချီ….ခွပ်ဒေါင်းနီ။

(မင်းသက်စံ)

0 Comments: