ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိတရားနိုးကြားမှု

Saturday, December 13, 2008

၂၀၀၇-ခုနှစ်ဇန္န၀ါရီလ(၁၄)ရက်ဘန်ကောက်ပို့စ်သတင်းစာပါ အယ်ဒီတာအာဘော်ကိုဖတ်ရှုပြီး ဤဆောင်းပါး ရေးရန်စိတ်ကူးပေါ်လာသည်၊ထိုနေ့ထုတ်သတင်းစာကမီးမောင်း ထိုးပြထားသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုကြား အင်မတန်ဆုံးဖြတ်ရခက်ခဲလှသည့် အစိုးရနှင့်မူဝါဒချမှတ်သူများ၏ ပြဿနာဖြစ်သည်၊ဆောင်းပါးတွင်ထိုင်းနှိုင်ငံတွင်ကြုံတွေ့နေရသော ရေထုညစ်ညမ်းမှု၊ မြစ်ချောင်းအင်းအိုင်များ တွင် ငါးအမြောက်အများသေကြေပျက်စီးမှုနှင့် မြစ်ရိုးတလျှောက်တည်ရှိနေသော စက္ကူစက်များမှစွန့်ပစ်သည့် အညစ်အကြေးများ၊ ဓာတုပစ္စည်းများဆက်စပ်နေပုံကို ဖေါ်ပြထားသည်။
ဤကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများသည် ပညာအမျှော်အမြင် ရှိရန်နှင့်အတ္တအစွဲကင်းစင်ကြရန် အလွန်အရေးကြီးကြောင်းမီးမောင်းထိုးပြထားသည်၊မြန်မာပြည်တွင်ကြုံတွေ့ နေရသော ပြဿများမှာ ရေတွက်၍မဆုံးနိုင်၊ တွင်းထွက်သတ္တုနှင့်ကျောက်မျက်ရတနာများကို မဆင်မခြင်တူး ကြောင့်သဘာဝပတ်ဝန်းကျင် ဆုံးရှုံးရခြင်း၊ လူနေအိမ်ခြေများအတင်းအဓမ္မပြောင်းရွှေ့ခံရခြင်း၊ အိုးအိမ်မြေရာ များမတရားသိမ်းဆည်းခံရခြင်းနှင့် ကျန်လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများမှာ ပြောပြ၍မကုန်နိုင်ပါ။
သစ်တောကဏ္ဍကိုပြန်ကြည့်လျှင်လည်း ထို့နည်းတူပင်ဖြသ်ပါသည်၊ လက်နက်ကိုင်ငြိမ်းချမ်းရေး(သို့) အပစ်အ ခတ်ရပ်စဲရေးသဘောတူထားသော အုပ်စုများမှမဆင်မခြင်စီးပွားရေးသောင်းကျန်းမှု အိမ်နီးချင်းနိုင်ငံများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကြား လက်သိမ့်ထိုးပြီးနိုင်ငံပိုင် သယံဇာတနှင့်သစ်တောများ ခုတ်လှဲထုတ်ယူ ရောင်းချမှု၊ ကမ်းရိုးတန်းတလျှောက်ပင်လယ်များအတွင်း နိုင်ငံခြားသားကုမ္မဏီများအား ငါးဖမ်းခွင့်လိုင်စင်များ ထုတ်ပေးပြီး ပင်လယ်ထွက်သယံဇာတပစ္စည်းများကို ထုတ်ယူရောင်းစားခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည် သူများ လုပ်စားစရာမရှိတော့ပဲ တိုင်းတပါးသို့ထွက်ခွာပြီး ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေကြရသည်။
ဤအခြေအနေများကို စီးပွားရေးဝိသမလောဘသားများ ဖက်မှကြည့်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်သည်ဟုယူ ဆသော်လည်း ဒေသခံဆင်းရဲသားပြည်သူများအတွက် လူ့အခွင့်အရေးချိုးဖေါက်ခံနေရခြင်းဖြစ်သည်၊ဤနေရာ တွင် ကျနော်တို့စဉ်းစားရမှာက ယခုလိုအိမ်နီးနားချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ပြီးလွတ်မြောက်ရုံဖြင့် ပြ ဿနာအေးသွားပြီလားဆိုသည့် ကိစ္စပင်၊တိုင်းတပါးတွင်လည်း မြန်မာလူမျိုးများအတွက် ပြဿနာများကကြို စောင့်ဆိုင်းနေသည်၊မိမိတိုင်းပြည်တွင်ကြုံတွေ့ရသလောက် အခြေအနေမဆိုးဝါးသော်ငြားလည်း အတော်အ တန်ဆိုးဝါးမှုများနှင့်အတူ လူ့အခွင့်အရေးများလည်း ချိုးဖေါက်ခံနေရဦးမည်ဖြစ်သည်။
သို့ဖြစ်လျှင် ဤပြဿနာဤကိစ္စများအတွက် တိုက်ရိုက်ပါဝင်ပတ်သက်နေသော ကာယကံရှင်များအနေနှင့်ဘာ လုပ်သင့်ပါသနည်း၊ ဘာများလုပ်နိုင်ပါမည်နည်း၊ ကျန်လူ့အဖွဲ့အစည်းများအနေနှင့်လည်း ဘာလုပ်သင့်ပါသနည်း အများအကျိုးအတွက် တာဝန်သိသိ စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားလုပ်ဆောင်မည့်သူကော ပေါ်ပေါက်လာနိုင် ဦးမည်လော၊ ဤမေးခွန်းများအတွက် အဖြေတစုံတရာ ကျနော်တို့ထံမှာ ရှိနေပြီဆိုပါက ကျနော်တို့သည်အသိ တရားနိုးကြားသူများဟု ပြောနိုင်ခေါ်ဆိုနိုင်ပါသည်၊အဖြေတစုံတရာမရှိသေးပါက အသိတရားနိုးကြားရန်လိုအပ် ပါလိမ့်ဦးမည်၊ အသိတရားနိုးကြားလာအောင် (သက်ဆိုင်သူများအားလုံး)ကျနော်တို့ဘာလုပ်ကြမည်နည်း၊ မည်သူတွေမှာတာဝန်ရှိပါသနည်း၊တခုတော့ထပ်လောင်းပြောကြား လိုပါသည်၊ အသိတရားနိုးကြား ရုံမျှဖြင့်ပြ ဿနာပြေလည်သွားခြင်းမဟုတ်သေးပါ၊ နိုးကြားသည့်အသိတရားအတိုင်း ပြဿနာကိုတက်ညီလက်ညီပူးပေါင်း အဖြေရှာကြရန်နှင့် သတ္တိလည်းလိုအပ်ပါသည်၊ထိုထက်မကအရေးကြီးသည်က ဦးဆောင်သူလည်းလိုပါလိမ့်ဦး
လှုပ်ရှားမှုများမှ ပူပူနွေးနွေးသင်ခန်းစာက သက်သေပြနေသည်၊မိမိတို့နိုင်ငံ မိမိတို့တိုင်းပြည် အခြားသောနိုင်ငံ များနည်းတူ ဖွံ့ဖြိုးတိုးတက်စေလိုလျှင် တည်ငြိမ်အေးချမ်းစေလိုလျှင် ပထမခြေလှမ်းအဖြစ် ကျနော်တို့တဦးတ ယောက်မကျန် အသိတရားနိုးကြားရန်လိုအပ်နေပြီဖြစ်ကြောင်းနှင့်ထိုအသိတရား နိုးကြားလာရေးကို မည်သို့ ကြိုးပမ်းဆောင်ရွက်နိုင်မည်ကို လူငယ်များအနေဖြင့် နိုးကြားကြရန်တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ပေါလ်ပရသီ-(ငွေတောင်ပြည်)

0 Comments: