ခွပ်ဒေါင်းနီ

Monday, October 13, 2008

ဒေါင်းမာန်ဝင့်ချီ..သွေးရဲနီသည်

သမိုင်းတခေတ်တော်လှန်နှစ်.၈၈.မှာ

တော်လှန်အသိမွေးခဲ့ကြသည်ခွပ်ဒေါင်းနီ။

အရေးကြီးပြီညီနောင်အပေါင်းတို့

ကိုမွန်းအောင်ဆိုခဲ့တဲ့တော်လှန်သီချင်း

ခွပ်ဒေါင်းစိတ်ကိုနှိုးဆွ..မာန်မာနကိုအပ်နှင်း

လက်ချင်းတွဲယှက်ခွပ်ဒေါင်းတို့သွေးမပျက်ခဲ့။

အာဏာရူးဗိုလ်သန်းရွှေစစ်ဘီလူးကိုအန်တု

သေမှာကိုငါမမှုခဲ့။

ဝိညာဉ်ကျန်ရစ်..တရားသောစစ်

၈၈.ဒီမိုကရေစီအရေး..ပြည်သူ့အရေးမို့

အသက်နဲ့သွေးစတေးခဲ့ကြပြီ

ဒေါင်းမာန်ဝင့်ချီ….ခွပ်ဒေါင်းနီ။

(မင်းသက်စံ)

မမေ့နိုင်တဲ့ အမေ

Saturday, October 11, 2008



အမေဆုံးပြီတဲ့
ဒီစကား ကြားခဏ၊ ရင်မှာနင့်မော
နှမျှောတမ်းတ၊ လွမ်းဆွေးရပါတယ် အမေ၊၊
ပြည်သူများ မသိမရှိ ရလေအောင်
အမေ့ရဲ့ စာပေလက်နက်နဲ့
အသိပညာ လမ်းဖွင့်ပေး
တဖက်က သားဇာနည်များ မွေး
သမိုင်းပေးတာဝန် ကျေပွန်ပါတယ် အမေ၊၊

ဒီမိုကရေစီ တိုက်ပွဲခေါ်သံ
ပြင်းထန်တာ သိလျက်
ထက်မြက်တဲ့ ကလောင်နဲ့
အာဏာရှင်တွေရဲ့ အယုတ်တမာ ဝါဒ
ပီပြင်အောင် ထုတ်ဖော်ပြခဲ့
အမေ့ရဲ့ မျိုးချစ်စာပေ
ပြီးတော့ 
မပြောင်းလဲတဲ့ ဇာနည်စိတ်နဲ့
နအဖရဲ့ သြဇာကို မမှု
စာပေနဲ့ အံတု
မာန်ပြုလို့ ဟစ်ကြွေးခဲ့တဲ့
အမေ့ရဲ့ အလင်္ကာ
ဒါတွေဟာ့ 
သားသမီးတို့အတွက် ရှင်သန်ခြင်း
အလင်းရောင် အားအင်တွေပါအမေ။
(
ပိတောက်ပန်း)

နံနက်ခင်ကဗျာ-

ဥတ္တရယဉ်စွန်းတန်းက ခွတ်ဒေါင်းနီ



သူ့ကိုကျနော်နံမည်သာ ကြားဖူးသည်၊ အပြင်မှာလူချင်းတော့ တခါမှမဆုံဖြစ်ကြ၊ ချင်းမိုင်မှာရိုက်တဲ့ ရမ်ဘိုကားအတွက် မြန်မာစစ်ဗိုလ်လုပ်ဖို့် လူရွေးရာမှာ (၈၈)ကခွတ်ဒေါင်းနီ ရဲဘော်နှစ်ဦးကို ရမ်ဘို(စတားလုံး) ကရွေးချယ်လိုက်တယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ ကျနော်ဝမ်းသာမှုတွေ အများကြီးနဲ့ ပီတိဖြစ်မဆုံး ၊ ဘာ့ကြောင့်လဲဆိုတော့ ရမ်ဘိုကားက ကျနော်တို့နဲ့ နှစ်(၂၀)လုံးလုံး ရန်ဖြစ်နေရတဲ့ မြန်မာစစ်အစိုးရနဲ့ ပတ်သက်နေတယ်လေ၊ ရမ်ဘို (စတားလုံး)နဲ့ မြန်မာစစ်အစိုးရစစ်တပ်တို့ သူသေကိုယ်ကြေ(ရုပ်ရှင်ထဲမှာ) နွှဲမယ့်ပွဲလေ၊ မြန်မာစစ်ဗိုလ်အဖြစ် သရုပ်ဆောင်မည့် ကျနော်တို့ကျောင်းသား တပ်မတော်ကရဲဘော်လည်းဖြစ် ဗဟိုကော်မီတီလည်းဖြစ်တဲ့ ကိုမင်းဌေးနဲ့ကိုအောင်ကိုဆိုတော့ ကျနော်အရမ်းကို စိတ်ဝင်စားသွားတယ်၊ ဂုဏ်ယူလည်းမဆုံးဖြစ်မိတယ်၊ ၂၀၀၇ ခုနှစ်ကျနော် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စန်ခမြို့ ထိုင်းမြန်မာနယ်စပ်အနီးမှာ ဖွင့်လှစ်ထားတဲ့ သောပ ဒုက္ခသည်စခန်းမှာရှိနေချိန် သူတာဝန်နဲ့ ဆင်းလာမယ်ဆိုတဲ့သတင်းကို ကျနော်တို့ကျောင်းသား တပ်မတော် တပ်ရင်း(၁)က ရဲဘော်သန်းအောင် (ပေါင်မုန့်)ဆီက နေတဆင့် အဆင်ပြေချင်တော့ ကျနော် သိခွင့်ရလိုက်ပါတယ်၊ ကြားလိုက်ရတဲ့သတင်းအ တိုင်းသူတို့နှစ်ဦး တပ်ရင်း(၁)ကို ရောက်လာပါတော့တယ်၊ ပြီးတော့ဒုက္ခသည် စခန်းမှာရှိနေတဲ့ ရဲဘော် ဟောင်းတွေနဲ့လည်း ဆုံချင်တယ်ဆိုတော့ နဂိုလ်ကတည်းက သူနဲ့တွေ့ချင်နေတဲ့ ကျနော်အတွက် အဆင် ပြေပြီပေါ့၊ တကယ်လည်း တွေ့ခွင့်ရလိုက်ပါတယ်၊ ပျော်ပျော်နေတတ်တဲ့ သူနဲ့ကျနော် အရမ်းကိုခင်မင်သွားပါ တော့တယ်၊ သူရဲ့တော်လှန်ရေး အပေါ်ထားရှိတဲ့ ခွတ်ဒေါင်းမာန်စိတ်ဓါတ်ကို ပိုပြီးလေးစားမိတယ် ၊သူတို့နှစ် ဦးကိုလေးစားမိတဲ့ ကျနော်ခမျာ ဒုက္ခသည်စခန်းထဲမှာ မွေးထားတဲ့ ကျနော်ရဲ့ ကြက်ကလေးတွေလည်း ရှောက်ပေါင်းနဲ့အတူတူ အိုးထဲကို စ်ကောင်ပြီး တစ်ကောင်ပါသွားပါတော့တယ်၊ လေးစားပါတယ် ရဲဘော်။

ကိုမင်းဌေးနဲ့ကိုအောင်ကို တို့နှစ်ဦးအား တပ်ရင်း(၁)ဘားတိုက်အမှတ်တရ

ဗိုလ်သန်းရွှေကမ္ဘာ့အကြီးဆုံးအုတ်ဂူ

Wednesday, October 1, 2008

အာဏာရူးဗိုလ်သန်းရွှေ-၂၀၁၀-ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြည်သူ့ ဖိနှောင့်စာဖြင့် အသေဆိုးနှင့်သေရ တော့မည်ကို သိနေရပြီဖြစ်သော ကြောင့် မသေခင်အီဂျစ်နိုင်ငံရှိကိုင်ရို ဘုရင်များ၏ သမိုင်းကို နေ့မအားည မနားဖတ်ရှုကာ သေပြီးနောင်ဘ၀လူ ပြန်ဖြစ်ရေးနှင့် အာဏာရှင်ဘ၀ဖြင့်ပြည် သူ့ဘဏ္ဍာ ပြန်လည်ခိုးယူဖို့အတွက် မိမိ ယုံကြည်စိတ်ချ ရသည့် စစ်ဗိုလ်တစုကို တိတ်တဆိတ် ခေါ်ဆောင်ပြီး ယခုအာဏာရှင်ဘ၀၌လိမ်ညာ ခိုးယူထားသော ပြည်သူ့ဘဏ္ဍာ စိန်ရွှေ ရတနာဥစ္စာပစ္စည်းများကိုသေ ဆုံးပြီးတပါတည်းယူဆောင်သွားရန်အတွက် ကြပ်ပြေးနေပြည်တော်အနီးလုံခြုံစိတ်ချရသောနေရာတွင် အုတ်ဂူတည်ဆောက်ရန်မြေနေရာ လိုက်လံရှာဖွေနေသည်ဟု ကြားသိရသည်။ တည်ဆောက်မည့်အုတ်ဂူမှာ အီဂျစ်ပြည်ရှိ အကြီးဆုံးပိရမစ်ထက်သုံး ဆပို၍ကြီးမားပြီး ငရဲပြည် (၁၈) ထပ်အလွန် (၁၉) ထပ်နှင့်တစ်ကီလိုမီတာအကွာတွင်တည်ဆောက် မည်ဖြစ်သည်။ အစတွင်ငရဲပြည်မှာ (၁၈) ထပ်သာရှိပြီးဦးနေ၀င်းသေဆုံးပြီးချိန်တွင် ငရဲပြည် အောက်ဆုံးထပ်ဖြစ်သော (၁၈) ထပ် မြောက်တွင်ဦးနေ၀င်းအားထားရန်လျာထားသော်လည်း ငရဲ သားများအကျင့်စာရိတ္တပျက်ပြားမည်ကို စိုးသည့်အတွက်ကြောင့်တာဝရိန်သာနတ်ပြည်မှ သိကြားမင်း၏အမိန့်တော်အရမရဏမင်းကငရဲပြည် (၁၈) ထပ်မြောက်အိမ်သာနဘေးတွင်(၁၉)ထပ် မြောက်တိုးချဲ့ပြီးဦးနေ၀င်းနှင့်အတူဒေါတ်တာမောင်မောင်၊ ဗိုလ်ချုပ်စိန်လွင်၊ဗိုလ်ချုပ်စောမောင် အစရှိသည့် အာဏာရှင်များကိုပါစုဝေးနေထိုင်စေခဲ့သည်။ အာဏာရူးသူခိုးသန်းရွှေနှင့် မိသားစုကိုလည်း ဦးနေ၀င်းနှင့်အတူထားရန်စီစဉ်ထားခဲ့သည်။ လူ့ဘ၀ တွင်ဆရာကိုကာပြန်ကလန် ခဲ့သောအပြစ်များကြောင့်ဦးနေ၀င်းနှင့်အပေါင်းအပါတစုကဖိနောင့်နှင့် ၀ိုင်းပေါက်မည်ကိုစိုးရိမ် ရသည့်အတွက်ငရဲပြည် (၁၈) ထပ်အလွန် (၁၉) ထပ်နှင့်တစ်ကီလိုမီတာအကွာ တွင်မရဏမင်းအား အမေရိကန်ဒေါ်လာသန်း(၁၀၀)လာဒ်ထိုးကာမိမိအတွက်အုတ်ဂူတဂူတည် ဆောက်ခြင်းဖြစ်သည်။ စီမံကိန်းမှာတနှစ်ဖြစ်ပြီး(၂၀၁၀)ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ပြီးစီးရမည် ဟုမိန့်ကြားထားသည့် အတွက် နေပြည်တော်အနီးတ၀ိုက်ပြည်သူများ မျက်ခုံးများလှုပ်နေပြီး အုတ်ဂူကြီးပြီးစီးသွားပါက မိမိနှင့်တပါတည်း ချစ်ဇနီး မလိုင်ဒေါ်ကြိုင်ကြိုင်နှင့် မိသားစုဆွေမျိုးများ အားလုံးကို တပါတည်းခေါ် ဆောင်သွားမည်ဟု ငရဲပြည်ရှိမရဏမင်းမှ အပတ်စဉ်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များ၏မေးမြန်းချက်များကို ရှင်းလင်းဖြေကြားသွားသည်။