ပဒေါင်အမျိုးသမီးများအန္တရာယ်

Thursday, July 17, 2008

လည်ပင်းကြေးကွင်းစွတ် ပဒေါင်တိုင်းရင်းသားများသည် စစ်အစိုးရနှင့် တိုင်းရင်းသားလူမျိုး စုလက်နက်ကိုင်တပ်ဖွဲ့များကြားဖြစ်ပွားနေသော နယ်စပ်ဒေသတွင်းတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် နယ်စပ်ဒေသများတွင် ဒေသတွင်းထိုင်းအာဏာပိုင်များ ခွင့်ပြုချက်ဖြင့် ယာယီနေထိုင်လျှက်ရှိကြသည်၊ထူးဆန်းသောပဒေါင်တိုင်းရင်းသားများ၏ ရိုးရာနှင့် ယဉ်ကျေးမှုများကြောင့် မဲဟောင်ဆောင်ခရိုင်တွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအနေဖြင့် နှစ်စဉ်ဘတ်ငွေသန်းပေါင်းများစွာ အကျိုး ခံစားခွင့်များရရှိခဲ့သည်၊လွန်ခဲ့သည့် ၁၃၊၇၊၂၀၀၈ ရက်နေ့တွင် ပဒေါင်တိုင်းရင်းသားများ ယာယီနေထိုင်ရာ နေရာမှ ပဒေါင်အမျိုးသမီး(၁၁)ဦးပျောက်ဆုံးခဲ့ပြီးနောက် တဦးကို နိုင်ငံခြားခရီးသွားများစည်ကားရာ ချွန်ပူရီခရိုင် ဖတ်ထရားတွင် ပြန်လည်ရှာဖွေတွေ့ရှိပြီး ကျန်ဆယ်ဦးမှာပျေက်ဆုံးလျှက်ရှိသည်၊လူပွဲစားများအနေဖြင့် ပဒေါင်တိုင်းရင်းသူအမျိုးသ မီးငယ်များအား နိုင်ငံခြားခရီးသွားဧည့်သည်များ စည်ကားရာ ဖတ်ထရားနှင့်ဖူးကစ်စသော ပင်လယ်ကမ်းစပ်မြို့အရောက်ပို့ပေးနိုင်သူ လူပွဲစားများမှာ ပွဲစားခတစ်သိန်းမှ တစ်သိန်းခွဲထိရရှိကြသည်၊အနာဂတ်ပဒေါင်တိုင်းရင်းသူလေးများ၏အခြေအနေမှာ မတွေးဝံ့ စရာစိုးရိမ်ရဖွယ်အခြေအနေနှင့်ကြုံတွေ့နေရပါကြောင်းခွတ်ဒေါင်းနီမှအသိပေးလိုက်အပ်ပါသည်။

မူးယစ်ဆေးသတင်း

Wednesday, July 16, 2008

ချင်းမိုင်ခရိုင် ထိုင်းမြန်မာနယ်စပ်အနီးတနေရာ ထိုင်းနယ်ထဲမှာ အမ်ဖတ်တမင်း ခေါ်စိတ်ကိုရူးသွတ်စေတတ်သော စိတ်ကြွဆေးပြားများကို သယ်ဆောင်လာတဲ့ အဖွဲ့တဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ၁၅၊၇၊၂၀၀၈ ရက်နေ့နံနက်(၃)နာရီအချိန်မှာ မိနစ်(၃၀)ခန့်တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်၊တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသေဲာ့ အဖွဲ့များဟာ တောထဲသို့ထွက်ပြေးတိမ်းရှောင်သွားပြီးသည့်နောက် ထိုင်းစစ်တပ်မှနယ်မြေ၀င်ရောက်ရှင်းလင်းရာ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် ဝေ့အမျိုးအစား ဟွန်ဒါဆိုင်ကယ်နှစ်စီး၊ စိတ်ကြွဆေးပြားအလုံးပေါင်းတသိန်းငါးသောင်းနှင့်လူသေအလောင်းတလောင်းကိုအသေဖမိးမိခဲ့သည်၊ အသေဖမ်းမိသူမှာ ၀ လက်နက်ကိုင်တပ်ဖွဲ့တွင် ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ပြီး အလောင်းနဘေးတွင် နိုင်းမမပစ္စတိုတလက်၊ အေကေ(၄၇)မောင်းပြန်ရိုင်ဖယ်တလက်နှင့် လက်ပစ်ဗုံးတလုံးကိုပါ သိမ်းဆည်းရမိခဲ့သည်။

လူကုန်ကူးမှုကြီးထွားနေ

၁၄၊၇၊၂၀၀၈ ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့လူကုန်ကူးမှုနှိမ်နှင်း ရေးအဖွဲ့မှရဲဗိုလ်ချုပ်နိုင်ဝိစု ၀ါနစ်နှင့်ရဲဗိုလ်မှူးကြီး နိုင် ၀ရဖွန် ထောင်ဖိုင်ဘွန်တို့နှစ်ဦး ဦးစီးပြီး အသက်(၃၃) နှစ်ရှိ မယုခေါ်မမာမီဆိုသူ မြန်မာအမျိုးသမီးတစ်ဦးအား လူကုန်ကူးမှုဖြင့်ဖမ်းဆီးအရေးယူခဲ့သည်၊မယုခေါ်မမာမီ ဆိုသူမြန်မာအမျိုးသမီးမှာ ခင်ပွန်းသည်နှင့်အတူ မြန်မာပြည်တွင်းမှ ကလေးငယ်များကိုဖျား ယောင်းသွေးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူစည်ကားရာ နေရာများမှာကလေး ငယ်များအား ပန်းကုန်းများလိုက်လံ ရောင်းစားစေခဲ့ပါတယ်၊ ယခုတကြိမ်မှာလည်းအသက် ဆယ်နှစ်အရွယ် မိုင် ဟုခေါ်သောမြန်မာကလေးမလေးတဦး ဘန်ကောက်မြို့လယ်လူ စည် ကားရာ အနုစာဝဒီချိုင်တွင် ပန်းကုန်းများရောင်းနေစဉ် ရဲများတွေ့ရှိပြီး မေးမြန်းစစ်ဆေးရာ မှအမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်၊ မိုင် ဟုခေါ်သောကလေးမလေးအား အသက်လေးနှစ် အရွယ်ကတည်းက မြန်မာပြည်မှခိုးယူလာခဲ့သည်ဟုထိုအမျိုးသမီးမှဝန်ခံခဲ့သည်၊ မိဘအုပ် ထိန်းသူများအားလုံး မိမိရင်သွေးကလေးငယ်များကို ရင်အုပ်မကွာကြည့်ရှုထိမ်းသိမ်းဂရု စိုက်ကြဖို့ ခွတ်ဒေါင်းနီက အကြံပြုသတိပေးလိုက်ရပါသည်။


တကယ်မမိတဲ့ ရှင်ဂွမ်းဂွိသိစေချင်

Sunday, July 13, 2008

ဆုရတဲ့လူပုဂ္ဂိုလ် နာဂစ်ဒုက္ခသည်တွေကို ဘယ်အတိုင်းအတာ ဘယ်လောက်လှူလိုက်သလဲ ဆိုတာ ရှင်ဂွမ်းဂွိနဲ့အရပ်တကာသိအောင် စင်ပေါ်တက်မောင်းထုပြီး ကြော်ငြာစရာမလိုဖူး ထင်ပါရဲ့၊ ဒုက္ခသည်တွေ လိုက်မမေးနဲ့၊နာဂစ်ကိုပဲမေးကြည့်ပေါ့၊ရှင်ဂွမ်းဂွိတို့ရဲ့ရတနာမြေဆိုတော့ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ အမျိုးတော်နေသလားလို့ ပြည်သူတွေပိုင်တဲ့ ရတနာမြေလို့ ပြောစမ်းပါ ရှင်ဂွမ်းဂွိ ရယ်၊ ပြည်သူပိုင်တဲ့ရတနာမြေအား လုံးတပြိုင်နက် ပြဿနာပေါ်နေတာ ရှင်ဂွမ်းဂွိတယောက်ထဲ ခံစားနေရတာမှမဟုတ်တာ၊ တိုင်းပြည်ရဲ့စပါးကျီ နာဂစ်ဖျက်စီးတာကအခုမှ၊စပါးစိုက်တဲ့ တောင်သူ လယ်သမား ဦးကြီးများတို့ ထမင်းငတ်နေတာကြာပြီဆို တာရှင်ဂွမ်းဂွိတယောက် အတိတ်မေ့နေ ရော့လား၊ မြန်မာ့ပတ္တမြားထွက်တဲ့မိုးကုတ် ရေမြုတ်သွားတာ ကောင်းတာပေါ့၊ နို့မို့ဆို ပတ္တမြားရောင်းလို့ရတဲ့ငွေနဲ့ လူသတ်လက်နက်ဝယ်၊ပြည်သူတွေကိုကျည်ဆံနဲ့ အလုပ်အကျွေးပြု နေဦးမယ်၊ ကျောက်စိမ်းတွေအများကြီးထွက်တဲ့ ဖားကန့်ရေကြီးတာ ရှင်ဂွမ်းဂွိတော့ ၀မ်းနည်းနေ မလား ၀မ်းသာနေ မလားတော့မသိဖူး၊ ဖားကန့်ဒေသကလူထုတွေ သီးလေးသီးဆေးရောင်စုံအ ငြိမ့်ဆယ်ညငှါးပြီး ၀မ်းသာတဲ့အထိမ်းအမှတ်နဲ့ ရွာလုံးကျွတ်ထိုင်ကြည့်ကြမှာသေချာတယ်၊ အာဏာရူး သန်းရွှေသမီးထွေး လှည်းကြိုးထမ်းပိုက်ဘောဖမ်းတဲ့ပွဲတုန်းက စိန်စီသောညတဲ့၊ သူ့မြေးအလှည့်ရောက်ရင် ကျောက်စိမ်းစီသောညဆိုပြီးသန်းပေါင်းများစွာပြည်သူတွေ ဒုက္ခ ပင်လယ်ဝေနေချိန်မှာ စိတ်မချမ်းသာစရာ တွေမြင်တွေ့နေရဦးမယ်၊နှစ်ပေါင်းများစွာ တိုင်းပြည်ကို ဒုက္ခနွံထဲဆွဲချပြီး အဖက်ဖက်က အဖတ်ဆယ်မရ နိမ့်ကျအောင် ဖန်တီးနေတဲ့ အာဏာရူး စစ်ဗိုလ်ချုပ်တွေကိုတော့ ရှင်ဂွမ်းဂွိမေ့နေတာ အံ့ပါရဲ့၊ သီအိုရီအရ လေကန်တာတို့၊ ဝေဖန်တာ တို့ကိုတော့လက္ခံပါတယ်၊အပေါစားလေပုတ်ထုတ်ဆေးတွေသောက်ပြီး နတ် ပြည်မှာ အီးတက် ပေါက်တာကတော့ လွန်တာပေါ့ရှင်ဂွမ်းဂွိရယ် သွပ်သွပ်သွပ်

ရက်ပေါင်း ၆၀ နာဂစ် ရာဇ၀င်များရဲ့သတို့သမီးဧရာဝတီ

လမ်းမကြီးတလျှောက် လမ်းဘေးတဖက်တချက်နေရာများတွင် ရဲနှင့်စစ်တပ် သက်ကယ်ဖက်များကို ဖြစ်သလိုမိုးပြီးဂိတ်ချထားသည်ကို မြင်တွေ့ရသည် ။နေရောင်နှင့်မိုးဒဏ်ကို ကာကွယ်နိုင်ဖို့ပဲထင်ပါရဲ့ ၊ အောင်မောင်းတို့ ခါတိုင်းဆို တနှစ်တခါရွာပြန်နေကျ ၊ဆွေမျိုးတွေစုမိတော့ ပျော်လိုက်ကြတာ ဘာပြော ကောင်းမလဲ၊မိသားစုတစုလုံးမှာမှ ထူးချွန်တာဆိုလို့ အောင်မောင်းတယောက်ထဲရယ်၊နေပူမရှောင် မိုး ရွာမရှောင် မိုးထဲလေထဲ ကျောပြောင်ပြောင်နဲ့အဖေက အဖိုးပေးခဲ့တဲ့အမွေ ဒီလယ်ကလေးကိုဝမ်းစာ အတွက်ထွန်ယက်စိုက်ပျိုးရင်း ပိုလျှံတာလေးနဲ့ အတန်းကျောင်းထားပေးလို့ ဆယ်တန်းအောင် တက္က သိုလ်တက် ဘွဲ့ရပြီးဝန်ထမ်းဘ၀နဲ့နိုင်ငံတော်ကို အလုပ်အကျွေးပြုနေတဲ့ သားလိမ္မာလေးတယောက်မို့ ညနေပိုင်းအလုပ်အားတဲ့ အချိန်များဆို အိမ်ကိုအလည်လာတဲ့ ရပ်ဝေးရပ်နီးရွာတွင်းအိမ်နီးမိတ်ဆွေများကို အဖေကကြွားမဆုံး၊အခုလည်းအောင်မောင်းတို့မိသားစု ရွာကပြန်လာခါစပဲရှိသေး၊ ကလေးတွေရဲ့အဖိုးနဲ့ အဖွားကသူ့မြေးတွေကို တွေ့ချင်လို့တဲ့လေ၊တွေ့ချင်တယ်ဆိုတော့လည်း ပို့ပေးရတာပေါ့၊အောင် မောင်းတို့ရွာကဧရာဝတီမြစ်ကမ်းနဖူးမှာ၊ ငယ်ငယ်တုန်းကဆို အောင် မောင်းတို့ကလေးတသိုက် မြစ်ကမ်းနဖူးမှာရပ် ဧရာဝတီမြစ်တွင်းစုန်ဆန် ပြေးနေတဲ့ သင်္ဘောပေါ်ကခရီးသည်တွေကို အသံပေးအော်ဟစ်လက် ယမ်းပြီးနှုတ်ဆက်ရတာအမော၊ခရီးသည်တွေဆီက လက်ယမ်းပြီးပြန် နှုတ်ဆက်ရင် အောင်မောင်းတို့ကလေးတသိုက် ပျော်လိုက်သည်ဖြစ်ခြင်း ၊အဘိုးကပြောဖူးတယ်၊ဧရာဝတီမြစ်ဟာ ကချင်တိုင်းရင်းသားတို့စုဝေးရာ မြောက်ပိုင်းမနောမြေကနေ မြန်မာပြည်ရဲ့စပါးကျီဧရာဝတီတိုင်း မြစ်ဝ ကျွန်းပေါ်ဒေသအထိ သူစီးဆင်းရာ မြစ်ရိုးတလျှောက် တမြေထဲနေတရေ ထဲသောက်တဲ့ တိုင်းရင်းသားညီအကိုမောင်နှစ်မတွေအားလုံးကို မိခင်သဖွယ်အလုပ် အကျွေးပြုနေတဲ့ မြစ်၊ပြီးတော့ခေတ်အဆက်ဆက်က သမိုင်းတွေအားလုံးကို ရေးနေတဲ့သမိုင်းဆရာမကြီးတယောက်ဖြစ်သလို သမိုင်းတွေအားလုံးကို ပြန်ပြောပြနိုင်တဲ့ ရာဇ၀င်များရဲ့သတို့သမီး၊ယဉ် ကျေးမှုတို့ထွန်းကားရာပုဂံရာဇ၀င်၊အင်္ဂလိပ်မြန်မာတတိယစစ်ပွဲ၊နယ်ချဲ့ တော်လှန်ရေး၊ကျူးကျော်စစ်ပွဲကိုကြံ့ကြံ့ခံတွန်းလှန်ရင်းဓနုဖြူတိုက်ပွဲမှာ ကျဆုံးသွားရှာတဲ့စစ်သူကြီးမဟာဗန္ဓုလသမိုင်း၊သီပေါမင်းပါတော်ခဏ်း ၊ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ပေါ်တူဂီငဇင်္ကာ၊ဟိုင်းကြီးကျွန်းတိုက်ပွဲ၊မြစ်ဝ ကျွန်းပေါ်ဒေသနေ ကရင်တိုင်းရင်းသားတို့ရဲ့မဟာဗမာလူမျိုးကြီးဝါဒ လွတ်မြောက်မှုတိုက်ပွဲ စတဲ့သမိုင်းတွေကိုပေါ့၊

အခုလည်းကြည့်မြန်မာနိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနကို အိန္ဒယနိုင်ငံ မိုးလေ၀သဌာနကနာဂစ်လေမုန်တိုင်းနဲ့ပတ်သက်ပြီး ဆက်တိုက်သတင်းပေးခဲ့တာကို အရေးမလုပ်ဂရုမစိုက်ပဲ မိမိတို့ အာဏာတည်မြဲရေးကိုသာရှေ့ရှုပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့အန္တရာယ်ကြုံတွေ့နိုင်တဲ့ပြည်သူတွေကို ဘေးလွတ်ရာသို့ ရောက်အောင် ရွေ့ပြောင်းနိုင်ခဲ့တာမရှိဖူးလေ၊ ပြည်သူတသန်းခွဲကျော်လောက် ဒုက္ခရောက်ကြရပြီး တသိန်းခွဲကျော်ခန့် သေကြေခဲ့ရပြီ၊ မြို့ရွာတွေအားလုံးရာနှုံးပြည့်နီးပါးပျက်စီးဆုံးရှုံးခဲ့ရတာကို အောင်မောင်း မြင်တွေ့ခဲ့ရတော့ ၀မ်းနည်းကြေကွဲရုံကလွဲပြီး ဘာမှမတတ် နိုင်ဖူးလေ၊သူများတကာနိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ် တခုခုကျ ရောက်ပြီဆိုရင် ၂၄ နာရီအတွင်း ကယ်ဆယ်ရေးလုပ်သားတွေ ၊ရဟတ်ယာဉ်တွေ ၊စားနတ်ရိက္ခာတွေ လုံလုံလောက်လောက်နဲ့ အင်တိုက်အားတိုက် ကူညီစောင့်ရှောက်မှုတွေပေးနေတာကို အောင်မောင်း တီဗွီတို့သတင်းစာတို့ အင်တာနက်တို့မှာကြည့်ဖူးဖတ်ဖူး ပါတယ်၊စားရမဲ့ သောက်ရမဲ့ဘ၀နဲ့ဒုက္ခရောက်နေတဲ့ အောင်မောင်းတို့ဧ ရာဝတီတိုင်းသားတွေကို နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးပြန်တော့လည်း ပစ္စည်းသာလက္ခံပါတယ် လူမလာပါနဲ့ တဲ့၊ အကူအညီပေးမဲ့နိုင်ငံတကာတွေကို ကန့်သန့်ချုပ်ချယ်မှုလုပ်လို့နေ လေရဲ့၊ ပြည်သူတွေထမင်းငတ်တာအရေးမကြီးဖူးလေ၊အာဏာတည်မြဲ ရေးသာ ဦးသန်းရွှေတို့လူတစုအတွက်အရေးကြီးဆုံး၊ဖွဲ့စည်းပုံအခြခံဥပ ဒေထောက်ခံပွဲက ပြည်သူတွေသေကြေတာထက် အရေးကြီးတာ၊အမေရိ ကန်၊ပြင်သစ်နဲ့ အင်္ဂလန်စစ်သင်္ဘေတွေမြန်မာပြည်ထဲအ၀င်မခံနိုင်တဲ့ ကိစ္စ နိုင်ငံရေးသမားတယောက်မဟုတ်ပေမဲ့ ဘိုကလေး၊ကျိုက်လတ်နဲ့ ဒေးဒရဲသားတွေကို ဦးသန်းရွှေတို့အာဏာရူးလူတစု အလွန်ကြောက်မှန်း ရာဇ၀င်များရဲ့သတို့သမီး ဧရာဝတီပြောပြလို့ အောင်မောင်းသိနေတာ ကြာပါပြီ၊ နာဂစ်ပေးတဲ့သဘာဝဘေးဒုက္ခနဲ့ စစ်အစိုးရရဲ့ရက်စက်ယုတ်မာ ပက်စက်မှုတွေဟာ မိခင်ဧရာဝတီအတွက်သမိုင်းသစ်တပုဒ်ပေါ့၊အဖေနဲ့ အမေကိုရှာပေးပါ၊ ရာဇ၀င်များရဲ့သတို့သမီးမိခင်ဧရာဝတီ။

မာနယ်ပလော စာချုပ်

Saturday, July 12, 2008

မာနယ်ပလော စာချုပ်

မာနယ်ပလောစာချုပ်အပိုင်း(၁) မြန်မာပြည်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တိုင်းရင်းသား လူမျိုးအသီးသီးတို့နယ်မြေချင်းဆက်စပ်လျှက် အတူတကွ အခြေချနေထိုင် လာခဲ့ သည့်တိုင်းပြည် ဖြစ်သည်။ တိုင်းရင်းသားအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်လည်းဖြစ်သည်။ မြန်မာပြည်သည် တိုင်းရင်းသားအားလုံးဧ။် ဆန္ဒညီညွတ်မှုကို အခြေခံသည့်စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာစည်းလုံးခိုင်မာစွာ ရပ်တည်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဖြစ်မြောက်ရန် အတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်ပင်လုံစာ ချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ သို့ရာတွင်ဤစာချုပ်သည် လက်တွေ့အကောင်အထည် မပေါ်ခဲ့ပေ။ မဆလ၊န၀တ၊နအဖစသော မဟာ လူမျိုးကြီးဝါဒ ကျင့်သုံး သည့် ဖက်ဆစ်အာဏာရှင်တို့ ၏ကြီးစိုးမှုကြောင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ပြည်သူလူထုသည်လည်းဒီမိုကရေစီနှင့် အခြေခံလူ့ အခွင့်အရေးများ ဆုံးရှုံး နေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားပြီး ပြည်တွင်း စစ်မီးတောက်လောင် လျှက်ရှိသည်။ သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးအားလုံး ပြည်သူလူထုအားလုံးသည် စစ်အာဏာရှင် စနစ်အား အပြုတ်တိုက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့်ဒီမိုကရေစီနှင့်အခြေခံလူ့အခွင့်အရေးရှိသည့်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုတည်ဆောက် လိုကြသည်။ တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစားမှု၊ ဖွံ့ဖြိုး တိုးတက်မှုရှိသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန်အတွက် အဓိက လိုအပ်ချက်မှာ စစ်အာဏာ ရှင်ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေးနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးတို့ပင်ဖြစ်သည်။ ဤသို့သောအခြအနေ တွင်

(၁)ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ၊

(၂)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊

(၃)မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်၊

(၄)အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အဖွဲ့အစည်း(၄)ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်ဇူလိုင်လ(၃၁)ရက် နေ့တွင်မာနယ်ပလောဌာနချုပ်၌အောက်ပါအတိုင်းသဘောတူညီခဲ့ကြသည်။ ပင်လုံစိတ်ဓါတ်ရှင်သန်ဖေါ်ဆောင်ရေးမှ (ဆက်လက်ဖေါ်ပြပါမည်)၊

ရွှေ့ပြောင်းအလုပ်သမားသတင်း

Saturday, July 5, 2008

ထိုင်းနိုင်ငံတွင်းတရားမ၀င်လာရောက်နေထိုင်သော ရွှေ့ပြောင်းအလုပ်သမား လူသစ်များအား ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ယာယီအလုပ်လုပ်စားခွင့် အလုပ်သမားကဒ်ပြားသစ်များ ထပ်မံပြုလုပ်ပေး သွားမည်ဟု တရားဝင်ထုတ်ဖေါ်ပြောကြားသွားသည်ပြုလုပ်ပေးမည်နေ့ရက်အတိအကျကို တရားဝင် ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးသော်လည်း အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးကရွှေ့ပြောင်း လုပ်သမားများအားယာယီအလုပ်လုပ်စားခွင့် ကဒ်ပြား သစ်များ ပြုလုပ်ပေးခြင်းမှာ ယခုတကြိမ်သည် နောက် ဆုံးအကြိမ်သာဖြစ်ပြီး အလုပ်သမား ၀န်ကြီးဌာနမှ ပြဌာန်းထားသော စည်းကမ်းနှင့်ဥပဒေများကို လိုက်နာ ခြင်းမရှိသောတရားမ၀င် အလုပ်သမားများကို လက်ခံထားသည့်လုပ်ငန်းရှင်နှင့်တရားမ၀င် အလုပ်သမား များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဟုလည်း ထပ်မံပြီးသတိပေးပြောကြားသွားသည်။