မူးယစ်ဆေးသတင်း

Wednesday, July 16, 2008

ချင်းမိုင်ခရိုင် ထိုင်းမြန်မာနယ်စပ်အနီးတနေရာ ထိုင်းနယ်ထဲမှာ အမ်ဖတ်တမင်း ခေါ်စိတ်ကိုရူးသွတ်စေတတ်သော စိတ်ကြွဆေးပြားများကို သယ်ဆောင်လာတဲ့ အဖွဲ့တဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ၁၅၊၇၊၂၀၀၈ ရက်နေ့နံနက်(၃)နာရီအချိန်မှာ မိနစ်(၃၀)ခန့်တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်၊တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသေဲာ့ အဖွဲ့များဟာ တောထဲသို့ထွက်ပြေးတိမ်းရှောင်သွားပြီးသည့်နောက် ထိုင်းစစ်တပ်မှနယ်မြေ၀င်ရောက်ရှင်းလင်းရာ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် ဝေ့အမျိုးအစား ဟွန်ဒါဆိုင်ကယ်နှစ်စီး၊ စိတ်ကြွဆေးပြားအလုံးပေါင်းတသိန်းငါးသောင်းနှင့်လူသေအလောင်းတလောင်းကိုအသေဖမိးမိခဲ့သည်၊ အသေဖမ်းမိသူမှာ ၀ လက်နက်ကိုင်တပ်ဖွဲ့တွင် ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ပြီး အလောင်းနဘေးတွင် နိုင်းမမပစ္စတိုတလက်၊ အေကေ(၄၇)မောင်းပြန်ရိုင်ဖယ်တလက်နှင့် လက်ပစ်ဗုံးတလုံးကိုပါ သိမ်းဆည်းရမိခဲ့သည်။

0 Comments: