ဘာလီတရားရုံးမှသေဒဏ်

Sunday, July 20, 2008

၂၅၄၅ ခုနှစ်ဘာလီကျွန်း ဗုံးဖေါက်ခွဲမှုတွင် ပါဝင်ပတ်သက်သည် ဟုယူဆရသူအရှေ့တောင် အာရှတွင်လှုပ်ရှားနေသောအယ်ကိုင်းဒါးအဖွဲ့နှင့် အဆက်အသွယ်ရှိသော ဂျေအာအစ္စလာမ်မီယာ မွတ်ဆလင် အကြမ်းဖက်သမားအန်ရိုစီ အီမန်စန်မုဒါနှင့် အပေါင်းအပါနှစ်ဦးအား အင်ဒိုနီါ်ရှားနိုင်ငံဘာလီ ကျွန်းတရားရုံးမှသေဒဏ် ချမှတ်လိုက်သည်၊ ၄င်းဗုံးဖေါက်ခွဲမှုတွင်လူပေါင်း ၂၀၂ ဦးသေဆုံးပြီး အများစုမှာ သြစတြေလျ နိုင်ငံသားများဖြစ်ကြသည်၊ တရားခံများမှ အယူခံဝင်ခွင့် များလျှောက်ထားသော်လည်း အယူခံဝင်ခွင့်ကို တရားရုံးကပယ်ချလိုက်ပြီး ၁၉၊၇၊၂၀၀၈ ရက်စနေနေ့တွင် ပြစ်မှုကျူးလွန်သူ တရားခံသုံးဦးအား သေဒဏ်ချမှတ်လိုက် ခြင်းဖြစ်သည်။

0 Comments: