လူ့အခွင့်အရေးသတင်း

Friday, July 25, 2008

၂၂၊၇၊၂၀၀၈ ရက်အင်္ဂါနေ့တွင်ထိုင်းနိုင်ငံ ဖန်ငါခရိုင် တကူပါမြို့ ခေါင်လတ် ဆီးဗျူး ဟိုတယ်တွင် ထိုင်းနိုင်ငံတွင်းတရား ၀င်မှတ်ပုံတင် ထားသော မြန်မာ အလုပ်သမားများ ဆိုင်ရာ အခွင့်အရေး နှင့် ရပိုင်ခွင့်၊ ထိုင်းနိုင်ငံတွင်း မွေးဖွားသောမြန် မာကလေးငယ်များ မွေးစာရင်း ရရှိရေးနှင့် ပညာသင်ပိုင်ခွင့် အပြည့်အ၀ရရှိရေး စသည့် သင်တန်း တခုကို အခြေခံလူ ထုလူ့အခွင့်အရေး ပညာပေး ကော်မီတီ [grassroots-hre] နှင့်[IOM] တို့ပူးပေါင်းကျင်းပခဲ့သည်၊ သင်တန်းတွင်ထိုင်း နိုင်ငံရှေ့နေများကောင်စီ လူ့အခွင့်အရေး ကော်မစ်ရှင်နာ ယကအဖွဲ့ဝင်နိုင်စုလဖွန်မှ တက်ရောက်ပြီး ထိုင်းနိုင်ငံဆိုင်ရာဥပဒေ၊ မြန်မာအလုပ်သမားများဆိုင်ရာ ရပိုင်ခွင့်၊မြန် မာကလေးငယ်များ ပညာရေးဆိုင်ရာအခွင့်အရေး စသည်များကို သင်တန်းပို့ချပေးခဲ့သည်၊ သင်တန်းသို့ဖန်ငါခရိုင် အတွင်းရှိ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား(၅၅) ဦးတက်ရောက်ခဲ့ ပြီးသင်တန်းကိုညနေ (၅)နာရီအချိန်တွင် ရုပ်သိမ်းလိုက်သည်။

0 Comments: